Belgium

အီးယူပြန်လည်ထူထောင်ရေးရန်ပုံငွေမှ ဘယ်လ်ဂျီယံနိုင်ငံ ယူရို (၅.၅) ဘီလီယံ ရရှိမည်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန် အီးယူ၏ ပြန်လည်ထူထောင်ရေးရန်ပုံငွေ “Next Generation EU” မှ အထောက်အပံ့အဖြစ် ယူရို (၅.၅) ဘီလီယံကို ဘယ်လ်ဂျီယံနိုင်ငံ ရရှိနိုင်မည်ဟု ဥရောပကော်မရှင်အရသိရှိရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်အလွန် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ယူရို (၇၅၀) ဘီလီယံအနက် ယူရို (၅၀၀) ဘီလီယံကို အထောက်အပံ့အဖြစ်လည်းကောင်း၊ ယူရို (၂၅၀) ဘီလီယံကိုချေးငွေအဖြစ်လည်းကောင်း အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ကျန်းမာရေးနှင့်စီးပွားရေး အရထိခိုက်မှု အရှိဆုံး နိုင်ငံများသို့ ခွဲဝေချထားပေးသွားမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသည် အီးယူ၌ GDP per capita အမြင့်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သဖြင့် ချေးငွေမဟုတ်ဘဲ အထောက်အပံ့အနေဖြင့် ယူရို (၅.၅) ဘီလီယံ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အီတလီနှင့် စပိန်နိုင်ငံတို့သည် အဆိုပါရန်ပုံငွေအစီအစဉ်မှ အကျိုးခံစားခွင့်အများဆုံးရရှိသည့်နိုင်ငံများဖြစ်ကြပြီး၊ အထောက်အပံ့နှင့်ချေးငွေနှစ်ခုပေါင်းအဖြစ် အီတလီ နိုင်ငံသည် ယူရို (၁၇၃) ဘီလီယံ၊ စပိန်နိုင်ငံအနေဖြင့် ယူရို (၁၄၀) ဘီလီယံ အသီးသီးရရှိမည်ဖြစ်ကြောင်း၊ ၎င်းနိုင်ငံများ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို သိသိသာသာခံစားခဲ့ကြရပြီး၊ ၎င်းတို့၏ စီးပွားရေးမှာလည်း လက်ရှိအသွားအလာကန့်သတ်မှုများကြောင့်ကျဆင်းနေသည့် ခရီးသွားလုပ်ငန်းကဏ္ဍ အပေါ်များစွာ မှီခိုနေရခြင်းဖြစ်ကြောင်း၊ အီးယူ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးရန်ပုံငွေမှ ပိုလန်နိုင်ငံသည် ယူရို (၆၃.၉) ဘီလီယံရရှိမည် ဖြစ်ကြောင်း၊  ပြင်သစ်နိုင်ငံသည် ထောက်ပံ့ငွေရရှိမှု ယူရို (၃၈.၇) ဘီလီယံဖြင့် စတုတ္ထအများဆုံးအကျိုးခံစားခွင့် ရရှိသည့်နိုင်ငံဖြစ်ပြီး၊ ဂျာမနီနိုင်ငံသည် ယူရို (၂၈.၈) ဘီလီယံ အထောက်အပံ့ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium