Belgium

အီးယူ၏ ဘတ်ဂျတ်ဆွေးနွေးပွဲ၌ သဘောတူညီချက်ရရှိခဲ့သဖြင့် ဒုတိယနှစ်ဝက်တွင် စီးပွားရေး ပြန်လည်ကောင်းမွန်မည့် အခွင့်အလမ်းများ တိုးလာနိုင်

Last Updated:

ကိုရိုနာဗိုင်းရပ်၏ စီးပွားရေးဆိုင်ရာရိုက်ခတ်မှုများကို ကုစားရန်အတွက် စီးပွားရေးလှုံ့ဆော်မှုအစီအမံအပေါ် အီးယူခေါင်းဆောင်များအကြား သဘောတူညီမှုရရှိခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၏ ဒုတိယနှစ်ဝက်တွင် အီးယူ၏ စီးပွားရေးတဖြည်းဖြည်း ပြန်လည် နာလံထူလာနိုင်ချေပိုများလာကြောင်း ဂျာမနီနိုင်ငံ၏ စီးပွားရေးဝန်ကြီး Peter Altmaier က ပြောကြားခဲ့သည်။ အီးယူခေါင်းဆောင်များအကြားသဘောတူညီမှုသည် ဂျာမနီနှင့် ဥရောပရှိ သန်းပေါင်းများစွာသော ပြည်သူများအတွက် သတင်းကောင်း တစ်ရပ်ဖြစ်ကြောင်း၊ အောက်တိုဘာလကုန်ဝန်းကျင်မှစတင်၍ ယခုနှစ်၏ ဒုတိယနှစ်ဝက်အတွက် တဖြည်းဖြည်းချင်း စီးပွာရေးပြန်လည်နာလံထူလာမှုကို ကြုံတွေ့ ရနိုင်မည့် အခွင့်အလမ်းများမှာလည်း သိသိသာသာတိုးတက်လာကြောင်း ၎င်းက ပြောကြားသည်။

လာမည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ်ဖြစ်သည့် စီးပွားရေးပြန်လည်ကောင်းမွန်မှုကို ရရှိနိုင်ကြောင်းနှင့်  ဥရောပနိုင်ငံများအားလုံးအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ပြန်လည် ရရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းထားပါသည်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေမှုကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် ဒုတိယကမ္ဘာစစ် နောက်ပိုင်း စီးပွားရေးကျဆင်းမှုအများဆုံးဖြစ်ပေါ်ခဲ့ရသည့် အခြေအနေကို ၂၀၂၁-၂၀၂၇ ခုနှစ် အတွက် ဘတ်ဂျတ်ယူရိုငွေ (၁.၁) ထရီလီယံနှင့် စီးပွားရေးပြန်လည်ဆယ်တင်ရေးရန်ပုံငွေ ယူရို (၇၅၀) ဘီလီယံတို့ဖြင့် ပြန်လည်ကုစားနိုင်မည်ဟု အီးယူခေါင်းဆောင်များက မျှော်လင့်ထားကြောင်းသိရသည်။

 

(စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်မြစ် - (Reuters)  

 

 

 

 

Category: Belgium