South Africa

အီးယူ၏ အစိမ်းရောင်အစီအစဉ် စိုက်ပျိုးသူမှစားသုံးသူသို့မဟာဗျူဟာအကောင်အထည်ဖော်မှု သည်တောင်အာဖရိကနိုင်ငံ၏စိုက်ပျိုးရေးပို့ကုန်များသို့ထိခိုက်နိုင်ခြင်း

Last Updated:

အီးယူနိုင်ငံများ၏ လာမည့်နှစ်တွင် စိုက်ပျိုးသူမှ စားသုံးသူသို့ မဟာဗျူဟာအရ စည်းမျဉ်းအသစ်များ စတင်ကျင့်သုံးမည့်အစီအစဉ်သည် တောင်အာဖရိကနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုကို နှေးကွေးသွားစေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးစီးပွားရေးပညာရှင် Wandile Sihlobo က အဆိုပါ စည်းမျည်းအသစ် ချမှတ် လိုက်ခြင်းသည် တောင်အာဖရိကနိုင်ငံအတွက် လက်ရှိလိုက်နာနေရသော စည်းမျဉ်းများအပြင် အသစ်ထပ်မံလိုက်နာရမည့် စည်းမျဉ်းသစ်များဖြစ်လာမည်ဖြစ် ကြောင်းသိရှိရပါသည်။

တောင်အာဖရိကနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် တောင်ပိုင်းအာဖရိကအကောက်ခွန်ယူနီယံ၊ မော်ဇမ်ဘစ်နိုင်ငံနှင့် အီးယူနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် စီးပွား ရေးမိတ်ဖက်သဘောတူညီချက်မှ ဈေးကွက်အခွင့်အလမ်းများ ရယူခံစားရလျက်ရှိကြောင်း၊ အဆိုပါသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်များအကြား စိုက်ပျိုးရေး ပို့ကုန် များ၏ ၉၈.၇% အပေါ် အကောက်ခွန်အခွန် အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းလျော့ချပေးခြင်း၊ စိုက်ပျိုးရေးထွက်ကုန်အပေါ် ချမှတ်နိုင်သည့် အကောက်ခွန် ကိုတာသတ်မှတ်ကောက်ခံခြင်းကို တိုးချဲ့သတ်မှတ်နိုင်စေခြင်းနှင့် စိုက်ပျိုးထွက်ကုန်အမြောက်အမြား တိုးမြှင့်တင်ပို့မှုကို ကာကွယ်ရန် စိုက်ပျိုးရေးပို့ကုန်ကာကွယ် ခြင်းအခွန်စနစ်ကို ကျင့်သုံးနိုင်ရေးတို့ကို ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ တောင်အာဖရိကနိုင်ငံသည် အီးယူနိုင်ငံများသို့ ပို့ကုန် ၂၅% တိုးမြင့်တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ (ရန်း ၃၂ ဘီလီယံ) တင်ပို့ နိုင်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ (ရန်း ၄၀.၇၃ဘီလီယံ) အထိတိုးမြင့်တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

 အီးယူး၏ စိုက်ပျိုးသူမှ စာသုံးသူသို့ မဟာဗျူဟာကြောင့် တောင်အာဖရိကနိုင်ငံအနေဖြင့် နည်းပညာဆိုင်ရာပြောင်းလဲမှု၊ စီးပွားရေးလုပ်ကိုင်မှုတီထွင်ဆန်းသစ်မှု၊ အစားအစာဝယ်ယူမှုမြင့်တက်မှု၊ မူဝါဒနှင့်စည်းမျည်းများ ပြောင်းလဲမှုများကို ဆောင်ရွက်ရန် လိုအပ်လာမည်ဖြစ်ကြောင်း၊ အီးယူအနေဖြင့် ၎င်း၏ ၂၀၃၀ ပြည့်နှစ် ရာသီဉတုပြောင်းလဲမှု ရည်မှန်းချက်ပန်းတိုင်အစီအမံအရ greenhouse gas ထုတ်လွှတ်မှုအား ၁၉၉၀ ပြည့်နှစ်အဆင့်များမှာ ၅၅% လျော့ချရန်ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ အီးယူအနေဖြင့် အဆိုပါရည်မှန်းချက်ကို စိုက်ပျိုးရေးကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍနှင့် အစားအစာစနစ်တစ်ခုလုံးက လိုက်နာအကောင်အထည်ဖော်နိုင် ရန်အတွက် စိုက်ပျိုးသူမှ စားသုံးသူသို့ မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်း၊ အဆိုပါမဟာဗျူဟာကို ယခင်နှစ်က စတင်မိတ်ဆက် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ထိုမဟာဗျူဟာသည် အီးယူအစိမ်းရောင် အကောင်အထည်ဖော်မှုများမှ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားအစာထုတ်လုပ်မှုနှင့် စားသုံးမှုများမှ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော ကာဗွန်ထုတ်လွှတ်မှုများ လျော့ကျစေရန်ရည်ရွယ်ပြီး အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်သူမှ စားသုံးသူ မဟာဗျူဟာတွက် အစားအစာထုတ်လုပ်ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်း၊ လက်လီရောင်းချခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ် ၂၇ ချက်ကိုထုတ်ပြန်ထားကြောင်း သိရှိပါသည်။

အဆိုပါမဟာဗျူဟာအရ လိုအပ်ချက် ၄ မျိုးသည် စားသုံးသူများလိုအပ်သည့် အဟာရပါဝင်မှုဆိုင်ရာ အမှတ်တံဆိပ်၊ ရာသီဉတု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အချက်အလက်များ၊ အစားအစာထုတ်လုပ်မှုနှင့်ပတ်သက်၍ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုမှုလျော့ချခြင်း၊ အစားအစာစွဲလမ်းမှုနှင့် တိရစ္ဆာန်ညှင်းပမ်း နှိပ်စက်မှုဆိုင်ရာစည်းမျဉ်းများ ပြန်လည်ပြင်ဆင်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးနှင့် အစားအစာထုတ်လုပ်သူများက ကျန်းမာရေးနှင့် ရေရှည်တည်တံ့ရေးဆိုင်ရာ ကတိကဝတ်များကို လိုက်နာရေးမူများကျင့်သုံးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်အာဖရိကနိုင်သည် အီးယူဈေးကွက်သို့ အနာဂတ်ကာလတွင် ဆက် လက်ရယူနိုင်ရန်အတွက် အဆိုပါစည်းမျဉ်းအသစ်များကို လိုက်နာနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံ ထုတ်လုပ်သူများနှင့် တောင်ပိုင်း အာဖရိကနိုင်ငံအဖွဲ့များအနေဖြင့် အဆိုပါစည်းမျဉ်းများကို လိုက်နာနိုင်ရန် စည်းမျဉ်းနှင့် မူဝါဒဆိုင်ရာ မရေရာ၊ မသေချာသေးမှုနှင့် လိုက်နာရန် ကုန်ကျစရိတ်ကြီး မြင့်မှု စသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://br.co.za/business-report/economy/eu-green-deals-farm-to-for k -strategy-will-effect-sa-agbiz-fbd60642-9641-42ed-b773-ee7256 72b b 22

Category: South Africa