Belgium

ဩစတြီးယားအစိုးရအသစ်အနေဖြင့် အီးယူ-Mercosur ကုန်သွယ်မှုသဘောတူညီချက်အား ကန့်ကွက်မည်

Last Updated:

ဩစတြီးယားနိုင်ငံ အစိုးရအသစ်အနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်း အီးယူနှင့် တောင်အမေရိကနိုင်ငံများအကြား သဘောတူညီခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်ကို ထောက်ခံမည်မဟုတ်ကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အစိုးရအကြီးအကဲဖြစ်သူ Sebastain Kurz တင်ပြခဲ့သည့် အစိုးရ၏အစီအစဉ်တွင် Mercosur နိုင်ငံများနှင့် လက်ရှိ သဘောတူညီထားသည့် ကုန်သွယ်ရေးသဘောတူညီချက်အား လက်ရှိအစိုးရအသစ်မှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ဥရောပသမဂ္ဂကောင်စီတွင် သဘောတူညီချက်ရရှိထားပြီး၊ ၂၀၂၀ ပြည့်နှစ် အကုန်တွင် အပြီးသတ်သဘောတူညီမှုရရှိရန် မျှော်မှန်းထားသည့် အီးယူ-Mercosur ကုန်သွယ်မှုသဘောတူညီချက် အတည်ပြုခြင်းအပေါ် ဩစတြီးယားအစိုးရအနေဖြင့် လိုက်နာဆောင်ရွက်ရန် ဆုံးဖြတ်ချက်နှင့် စပ်လျဉ်းသည့် ဥပဒေရေးရာချမှတ်ချက်ကို ဩစတြီးယားနိုင်ငံပါလီမန်က ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ချမှတ်ထားခဲ့ကြောင်း၊ ဩစတြီးယားနိုင်ငံ၏ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် အတည်ပြု ခဲ့သည့် အဆိုပါဥပဒေချမှတ်မှု (motion) သည် ဩစတြီးယားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လူကြိုက်နည်းသော အီးယူ-Mercosur ကုန်သွယ်မှုသဘောတူညီချက်နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၏ ပိုမိုတင်းမာသော ရပ်တည်ချက်ကို ဖြစ်စေခဲ့ ကြောင်း သိရှိရပါသည်။

          ကွန်ဆာဗေးတစ်များဖြစ်သည့် ပြည်သူ့ပါတီနှင့် အစိမ်းရောင်ပါတီတို့ဖြင့် ဖွဲ့စည်းထားသည့် ဩစတြီးယားနိုင်ငံအစိုးရသည် ကျယ်ပြန့်လွှမ်းခြုံမှုရှိသော ကုန်သွယ်မှုသဘောတူညီချက်များကို လက်မှတ်ရေးထိုးသည့် အီးယူ၏ ကုန်သွယ်မှုမူဝါဒကိုသာ ထောက်ခံမည်ဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်များနှင့် စပ်လျဉ်း၍ ဩစတြီးယားနိုင်ငံအစိုးရသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စံချိန်စံညွှန်းများနှင့် စားသုံးသူအကာအကွယ်ပေးရေး စံချိန်စံညွှန်းများကို အထူးသဖြင့် အလေးထားတောင်းဆိုကြောင်း၊ ကုန်သွယ်ရေးသဘောတူညီချက်များတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် အလုပ်သမားဆိုင်ရာစံချိန်စံညွှန်းများကို အလေးထား တောင်းဆိုထားကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

 

Category: Belgium