Australia

ဩစတြေးလျ ဓနသဟာယဘဏ်က ဖောက်သည်များကို Cryptocurrency ဝန်ဆောင်မှုပေးမည်

Last Updated:

ပြီးခဲ့သည့်အပတ်တွင် ဩစတြေးလျနိုင်ငံရှိ အဓိကဘဏ်တစ်ခုက ယင်းဘဏ်အသုံးပြုသူများအတွက် လက်ရှိဘဏ်လုပ်ငန်း Application တွင် Bitcoin ကဲ့သို့သော crypto ငွေကြေးရောင်းဝယ်မှုဆိုင်ရာ ရွေးချယ်ခွင့်ကိုပေးမည်ဟု ကြေညာလိုက်ပါသည်။ "ညတွင်းချင်း" ချမ်းသာအောင်ပြုလုပ်နိုင်သော cryptocurrency ကုန်သည် များ၏ အဖြစ်အပျက်များစွာရှိသော်လည်း၊ အွန်လိုင်းတွင် cryptocurrencies ကို ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့မှာငွေဆုံးရှုံးရန် အလွန်လွယ်ကူကြောင်း ကျယ်ပြန့် စွာလက်ခံထားပါသည်။

သြစတြေးလျလူငယ်များသည် ၎င်းတို့၏ စုဆောင်းငွေများကို အမြန်လမ်းကြောင်းဖြင့် cryptocurrency ရင်းနှီးမြှုပ်နှံမှုများကို ရွေးချယ်လာသည်နှင့်အမျှ သြစတြေးလျ၏ အကြီးဆုံးဘဏ်ကလည်း cryptocurrencies ဝယ်ယူရန်၊ ရောင်းချရန်နှင့် ကိုင်ဆောင်ထားရန်တို့အတွက် ကိုယ်ပိုင်စမ်းသပ် Platform တစ်ခုကို တည်ထောင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သြစတြေးလျ၏ အကြီးဆုံးဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုဖလှယ်ရေး (Digital Asset Exchange)  သူဌေးကြီး Caroline Bowler ကပင် လုပ်ငန်းကဏ္ဍ၌ စည်းမျဉ်းနှင့် ကြီးမားသော ထိန်းကျောင်းမှုမရှိသည့်အတွက် စျေးကွက်တွင်ပါဝင်သူများအတွက် ခိုင်မာသောဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ် ပေးသည့်နည်းလမ်း လုံးဝမရှိကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

ဩစတြေးလျနိုင်ငံတွင် cryptocurrency ရင်းနှီးမြှုပ်နှံမှုများအတွက် ဥပဒေမူဘောင်မှာ ဆောင်ရွက်ဆဲဖြစ်ပြီး၊ Liberal MP Andrew Bragg ဦးဆောင်သည့် ဆီးနိတ် ရွေးချယ်ရေးကော်မတီသို့ လုပ်ငန်းကဏ္ဍက ရာပေါင်းများစွာသော တင်ပြမှုများပြုလုပ်ပြီးနောက် အဆိုပါလုပ်ငန်းကဏ္ဍကို မည်ကဲ့သို့တင်းကြပ်ရန်ကို လေ့လာလျက် ရှိပါသည်။  Treasurer Josh Frydenberg က ဩစတြေးလျကို နည်းပညာနှင့် ဘဏ္ဍာရေးဗဟိုဌာနအဖြစ် ဆီးနိတ်ရွေးချယ်ရေးကော်မတီ နောက်ဆုံးအစီရင်ခံစာကို ကြိုဆိုပါကြောင်းနှင့် အစိုးရသည် ကော်မတီ၏ အကြံပြုချက်များကို ဂရုတစိုက်နှင့် သုံးသပ်လျက်ရှိပြီး၊ ယခုနှစ်ကုန်တွင် တုံ့ပြန်မှုကို အပြီးသတ်ရန် ရည်ရွယ်ထား ကြောင်း သိရှိရပါသည်။  ဩစတြေးလျနိုင်ငံသည် cryptocurrency အတွက် စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်ဆဲဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက တရုတ်သည် cryptocurrency လုပ်ငန်းများကို အရှိန်မြှင့်ဖြိုခွဲလိုက်သောအခါ Bitcoin ၏ စျေးနှုန်းပျက်သွားခဲ့ရပါသည်။ Cryptocurrency နယ်ပယ်ရှိ လူများသည် စည်းမျဉ်း၊ စည်းကမ်းများကို ပိုမိုလိုအပ်ကြောင်း ပြောဆိုသော်လည်း အထောက်အထားများအရ ရင်းနှီးမြှုပ်နှံသူများသည် စည်းမျဉ်းအသစ်များကို လိုက်နာမှုအားနည်းကြောင်း တွေ့ရှိရပါသည်။

ယခုအခါ ဩစတြေးလျ ဓနသဟာယဘဏ်သည် ၎င်း၏ဖောက်သည်များအား cryptocurrencies ဝယ်ခြင်း၊ ရောင်းချခြင်းနှင့် ကိုင်ဆောင်ခြင်းတို့ကို ခွင့်ပြုမည်တော့ ဖြစ်သည်။ သို့သော် ANZNAB နှင့် Westpac တို့သည် crypto စျေးကွက်သို့ဝင်ရောက်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် cryptocurrencies မှာပြိုကွဲလွယ်ကြောင်း နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိရာ ကျွမ်းကျင်သူများက cryptocurrencies ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို တောင်းဆိုလျက်ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: Australia