Australia

ဩစတြေးလျ လယ်ယာထွက်ကုန်ထုတ်လုပ်မှု ယခုဘဏ္ဍာရေးနှစ်တွင် စံချိန်ချိုးမည်

Last Updated:

သြစတြေးလျ စိုက်ပျိုး၊ မွေးမြူရေးနှင့် အရင်းအမြစ်စီးပွားရေးဗျုရို (Australian Bureau of Agricultural and Resource Economics -ABARES) အရ သြစတြေးလျ လယ်သမားများသည် ၎င်းတို့၏ အစားအစာနှင့် အမျှင်ဓာတ်ထုတ်လုပ်မှုတန်ဖိုးနှင့် ပမာဏသည် သမိုင်းဝင်အမြင့်ဆုံးသို့ ရောက်ရှိသွားသည့်အတွက် ယခုဘဏ္ဍာရေးနှစ် တွင် စံချိန်ချိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကောက်ပဲသီးနှံဈေးနှုန်းမြင့်တက်ခြင်းနှင့် မွေးမြူရေးထုတ်ကုန်ရောင်းချမှုတွင် မကြုံစဖူးသော စျေးနှုန်းများ တစ်နှစ် ပတ်လုံးရရှိခြင်းနှင့်အတူ ABARES မှ လေ့လာဆန်းစစ်သူများသည် ၎င်းတို့၏ စုစုပေါင်းလယ်ယာထွက်ကုန်ထုတ်လုပ်ရရှိမှု ခန့်မှန်းချက်ကို ယခုဘဏ္ဍာရေးနှစ်တွင် ဩစတြေးလျဒေါ်လာ ၇၈ ဘီလီယံအထိ မြှင့်တင်ခဲ့သည်။ ထို့အပြင် တင်ပို့မှုတွင် လည်း စံချိန်တင် ဒေါ်လာ ၆၁ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် ပြိုင်ဖက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ ရုရှား၊ ယူကရိန်း၊ အာဂျင်တီးနား၊ ဘရာဇီးလ်နှင့် အမေရိကန်နိုင်ငံတို့ရှိ တွေ့ကြုံရသည့် ရာသီအလိုက် ညံ့ဖျင်းသောအခြေအနေများက ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် ကောင်းမွန်သောအခွင့်အလမ်းကို ဖြစ်ပေါ်စေပါသည်။ ထိုအခြေ အနေများက ဂျုံ၊ မုယောနှင့် ကာနိုလာ ထောက်ပံ့မှုကို နှောင့်နှေးစေပြီး၊ ဈေးနှုန်းများကို မြင့်တက်စေပါသည်။

နယူးဆောက်ဝေးလ်နှင့် ကွင်းစလန်ပြည်နယ်တို့တွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သော်လည်း ထုတ်လုပ်မှုပမာဏကို ဆိုးဆိုးရွားရွား ထိခိုက်ခြင်းမရှိပေ။ စိုစွတ်သောရာသီဥတု၏ အဓိကသက်ရောက်မှုမှာ လူမှတိရစ္ဆာန်အဆင့်အထိ အစားအစာဖြစ်သည့် သီးနှံအရည်အသွေးကို အဆင့်နိမ့် စေခြင်းဖြစ်ပါသည်။

အရှေ့ဘက်ကမ်းရိုးတန်းရှိ လာနီယာအခြေအနေများသည် လယ်သမားများအတွက် နောက်ထပ်နှစ်ကောင်းတစ်နှစ်အဖြစ် ၂၀၂၂ ခုနှစ်တွင် ထူထောင်နိုင်မည်ဖြစ်ပြီး၊ မြေဆီလွှာကို အစိုဓာတ်ဖြည့်ပေးကာ စိုက်ပျိုးရေကုန်ကျစရိတ်နည်းပါးစေခြင်းဖြင့် မွေးမြူရေးအတွက် အစာရေစာများများရရှိစေမည်ဖြစ်သည်။ သို့သော်လည်း လယ် သမားများသည် လောင်စာဆီ၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံးဓာတုဗေဒပစ္စည်းများစျေးနှုန်းများ မြင့်တက်နေသဖြင့် ၎င်းတို့၏ သီးနှံများစိုက်ပျိုးရန် စျေးနှုန်းကြီးမြင့် မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းသို့အခြေအနေများရှိသော်လည်း ABARES သည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပမာဏကြီးမားသော အစားအစာနှင့် အမျှင်ဓာတ်ထုတ်လုပ် မှုကို ဒေါ်လာ ၃၀.၆ ဘီလီယံအထိ စံချိန်တင်ရရှိရန် ခန့်မှန်းထားပါသည်။ အစားအသောက်နှင့် လယ်ယာစီးပွားရေးဘဏ်မှ ကျွမ်းကျင်သူများက ယင်းသည် အစားအသောက်ဈေးနှုန်းများ ဖောင်းပွလာကာ လူမှုရေးမငြိမ်သက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: Australia