Australia

ဩစတြေးလျ သရက်သီးကို စပိန်စားသုံးသူများ နှစ်သက်လျက်ရှိခြင်း

Last Updated:

ဩစတြေးလျ မြောက်ပိုင်းနယ်မြေတွင် စတင်စိုက်ပျိုးခဲ့သော သရက်သီးမျိုးကွဲမှာ  ယခုအခါ စပိန်နိုင်ငံတွင်  စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း ABC သတင်း ဌာန သတင်းအရ သိရှိရပါသည်။ Katherine အခြေစိုက် သရက်သီးစိုက်ပျိုးသူ Ken Rayner က The Lady Jane (RA-17) သရက်သီး မျိုးကွဲအသစ်ကို ၂၀၁၃ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ရာ နောက်ပိုင်းတွင် စိုက်ပျိုးထုတ်လုပ်သူများစွာက အဆိုပါ သရက်သီးမျိုးကွဲကို စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပနိုင်ငံဈေးကွက်များသို့ တင်ပို့ရောင်းချ လျက်ရှိပါသည်။

ယခုအခါ အဆိုပါ သရက်သီးမျိုးကွဲကို ဩစတြေးလျနိုင်ငံထက် စပိန်နိုင်ငံတွင် စီးပွားဖြစ် စိုက်ပျိုးမှုပိုမိုများပြားလာပြီး၊ ယခုနှစ်မှာ စပိန်နိုင်ငံတွင်ပထမဆုံးခူးဆွတ်မည့် ရာသီဖြစ်ကြောင်း သိရှိရပါသည်။ ဩစတြေးလျနိုင်ငံတွင် သရက်သီးခူးဆွတ်ပြီး (၄) ရက်အကြာမှ စားသုံးသူ လက်ထဲရောက်ရှိသော်လည်း စပိန်နိုင်ငံတွင် ခူးဆွတ်ပြီး (၂၄) နာရီအတွင်း ရောင်းချနိုင်ခြင်းမှာ အားသာချက်တစ်ရပ်ဖြစ်ပါသည်။

The Lady Jane သရက်သီးအပါအဝင် Ken Rayner ၏ သရက်သီးမျိုးကွဲများသည် ဘရာဇီး၊ အစ္စရေး၊ မော်ရိုကို၊ အီဂျစ်၊ အမေရိကန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၁၀) နိုင်ငံ ကျော်တွင် PBR (Plant Breeders Rights) မှတ်ပုံတင်ခြင်းကို ရရှိထားသည့်အပြင် Ken ၏ သီးသန့်သရက်သီးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရပါသည်။ Ken Rayner စိုက်ပျိုးခဲ့သော သရက်သီးအမျိုးအစားအမျိုးမျိုးအနက် The Lady Jane မှာ အကောင်းဆုံးအဆင့်အတန်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: Australia