Australia

ဩစတြေးလျနှင့် ကိုရီးယားကာကွယ်ဆေး သုတေသနပြုလုပ်ရန် နားလည်မှုစာလွှာ လက်မှတ်ရေးထိုးလိုက်ခြင်း

Last Updated:

ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်နှင့် ကိုရီးယားတို့သည် mRNA ကာကွယ်ဆေးသုတေသနတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန် လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံလုံး၏ mRNA စွမ်းရည်ကို မြှင့်တင်ပေးမည်ဖြစ်သည်။

အဆိုပါ နားလည်မှုစာချွန်လွှာသည် ဗစ်တိုးရီးယား၏ ဇီဝနည်းပညာဆိုင်ရာ သုတေသနကျွမ်းကျင်မှုကို ကိုရီးယား၏ အထူးပြုဖြင့် ဇီဝထုတ်လုပ်ရေးနှင့် ပေါင်းစပ်ဆောင်ရွက်မည်ဖြစ်သည်။ ဗစ်တိုးရီးယားနှင့် ကိုရီးယားတို့သည် နှစ်ဖက်အကြား သတင်းအချက်အလက်ဖလှယ်ကာ လုပ်ငန်းကဏ္ဍ၊ သုတေ သနနှင့် အစိုးရအဖွဲ့အစည်းများအကြား ချိတ်ဆက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

နားလည်မှုစာလွှာသည် mRNA Victoria နှင့် Korea Health Industry Development Institute (KHIDI) တို့အကြား လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး၊ KHIDI သည် ကိုရီးယားနိုင်ငံ၏ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာကိရိယာများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဆန်းသစ်တီထွင်မှုအစီ အစဉ်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နားလည်မှုစာလွှာကို လက်မှတ်ရေးထိုးခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာအသစ်များရရှိရေးအတွက် အဖွဲ့အစည်းနှစ်ခုကြား RNA-based နည်းပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာစေရန် မျှော်လင့်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ RNA ဂေဟစနစ် ဖွံ့ဖြိုးတိုး တက်ရေးနှင့် အနာဂတ် ကူးစက်ရောဂါတုံ့ပြန်မှုတွင် အတူတကွ ပါဝင်ကူညီနိုင်မည်ဖြစ်ကြောင်း KHIDI မှ အမှုဆောင်ဒါရိုက်တာက ပြောကြားခဲ့သည်။

ကိုရီးယား၏ ကြိုးပမ်းအားထုတ်မှုများသည် mRNA နှင့် RNA နည်းပညာများ ဖော်ဆောင်ရန်အတွက် အာရှ- ပစိဖိတ်ဒေသ ဗဟိုချက်ဖြစ်လာစေရန် ဗစ်တိုးရီးယားအစိုးရ၏ ရည်ရွယ်ချက်နှင့်ကိုက်ညီလျက်ရှိနေသည်။ mRNA Victoria မှတဆင့် ဗစ်တိုးရီးယားအစိုးရသည် အကြိုနှင့် လက်တွေ့ဆေး ဘက်ဆိုင်ရာ သုတေသန၊ စီးပွားဖြစ်လက်တွေ့စမ်းသပ်မှု၊ ထောက်ပံ့ရေးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးဘက်ဆိုင်ရာနှင့် စီးပွားဖြစ်ထုတ်လုပ်မှု တို့တွင် ပံ့ပိုးကူညီလျက်ရှိကြောင်း သိရှိရသည်။       

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: Austrade

Category: Australia