Belgium

၂၀၂၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှု ယူရို (၁၀၀) ဘီလျံကျော်သို့ ရောက်ရှိခဲ့ခြင်း

Last Updated:

၂၀၂၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် ခန့်မှန်းယူရို (၁၀၄.) ဘီလျံသို့ ရောက်ရှိခဲ့ရာ မှတ်တမ်း သစ်တစ်ရပ်ဖြစ်ခဲ့ကြောင်း နယ်သာလန်နိုင်ငံ၊ Ministry of Agriculture, Nature and Food Quality မှကြီးမှူး၍ နယ်သာလန် စာရင်းအင်းအဖွဲ့အစည်းဖြစ်သည့် Statistics Netherlands (CBS) နှင့် Wageningen Economic Research (WUR) တို့က ပူးတွဲ ဆောင်ရွက်သည့် သုတေသနထုတ်ပြန်ချက်များအရ သိရပါသည်။  

၂၀၂၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန် စုစုပေါင်းတင်ပို့မှုသည် ယခင်နှစ်ကထက် ယူရို () ဘီလီလျံ ပိုမိုတင်ပို့ နိုင်ခဲ့ပြီး၊ (.) ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးပို့ကုန် ယူရို (၁၀၄.) ဘီလျံတွင် ပြည်တွင်းထုတ် စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် (၇၅.) ဘီလျံ၊ အခြားနိုင်ငံများမှ တင်သွင်းပြီးနောက် Re-export အဖြစ် တင်ပို့မှု ယူရို (၂၉) ဘီလီလျံတို့ ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်တွင်းထုတ် စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် နှစ်အလိုက်နှိုင်းယှဉ်လျှင် (၁၀.) ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ Re-export မှာ (.) ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရပါသည်။  

၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှ ပို့ကုန်ရငွေ (Export earnings)  ရရှိမှုမှာ ခန့်မှန်းအားဖြင့် ယူရို (၄၆.) ဘီလီလျံရှိခဲ့ ကြောင်း၊ ယင်းတွင် ပြည်တွင်းထုတ်ကုန်တင်ပို့မှုမှ ယူရို (၄၂.) ဘီလီလျံ၊ Re-export တင်ပို့မှုမှ ယူရို () ဘီလီလျံ ရရှိခဲ့ခြင်းဖြစ်ပါ သည်။ နယ်သာလန်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုတွင် အများအားဖြင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှ ဂျာမနီနိုင်ငံသို့ စိုက်ပျိုးရေးထုတ်ကုန် စုစုပေါင်းတင်ပို့မှုတန်ဖိုး ယူရို (၂၆.) ဘီလီလျံရှိခဲ့ပြီး၊ စုစုပေါင်းတင်ပို့မှု၏ သုံးပုံတစ်ပုံခန့်ရှိပါသည်၊။ နယ်သာလန်မှ စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့သည့် နိုင်ငံများတွင် ဘယ်လ်ဂျီယံနိုင်ငံ (၁၂) ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ () ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံ () ရာခိုင်နှုန်းတို့ဖြင့် အသီးသီးရပ်တည်ခဲ့ကြပါသည်။

Brexit ကြောင့် နယ်သာလန်နိုင်ငံမှ ဗြိတိန်နိုင်ငံသို့ စိုက်ပျိုးရေးထုတ်ကုန် Re-export တင်ပို့မှုသည် (၃၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပါ သည်။ အကြောင်းရင်းမှာ --၂၀၂၁ ရက်နောက်ပိုင်းမှစ၍ အီးယူပြင်ပနိုင်ငံများမှ ဗြိတိန်နိုင်ငံသို့ ကုန်စည်များကို သင်္ဘောတင်ပို့ရာ တွင် နယ်သာလန်နိုင်ငံမှ တစ်ဆင့်တင်ပို့ခြင်းထက် တိုက်ရိုက်တင်ပို့ခြင်းက သွင်းကုန်ခွန်ပေးဆောင်ရမှုတွင် ပိုမိုသက်သာစေ နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ သို့ရာတွင် နယ်သာလန်နိုင်ငံ၏ ပြည်တွင်းထုတ် စိုက်ပျိုးရေးထွက်ကုန် များ ဗြိတိန်နိုင်ငံသို့ တင်ပို့မှုမှာမူ ၂၀၂၁ ခုနှစ်တွင် (၁၄) ရာခိုင်နှုန်းဖြင့် သိသာစွာတိုးတက်ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် အီးယူနှင့် ကုန်သွယ်ရာတွင် တိရစ္ဆာန်နှင့် အပင်ထုတ်ကုန်များအတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် နယ်စပ်ဖြတ်ကျော်စစ်ဆေးမှုများကို ၂၀၂၂ ခုနှစ်အထိ ဆိုင်းငံ့ ထားခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ထိုသို့စစ်ဆေးဆောင်ရွက်မှုများကြောင့် နယ်သာလန်မှ ဗြိတိန်သို့ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း သိရပါသည်။

နယ်သာလန်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန် ပြည်ပတင်ပို့မှုတွင် ဥယျာဉ်ခြံထွက်ကုန်များ တင်ပို့မှု တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ပန်းများ၊ အပင်များစသော အလှဆင်ဥယျာဉ်ခြံထွက်ကုန်များ တင်ပို့မှုသည် အဓိကတိုးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဥယျာဉ်ခြံထွက်ကုန် များ တင်ပို့မှုသည် ယူရို (၁၂) ဘီလျံရှိခဲ့ရာ ယခင်နှစ်ကထက် တိုးတက်ခဲ့ပြီး၊ အဓိကအားဖြင့် အပင်နှင့် ပန်းများ၏ ဈေးနှုန်းများ သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံ၏  ဥယျာဉ်ခြံ ထွက်ကုန်တင်ပို့မှုမှာ ၂၀၂၀ ခုနှစ်တွင် ယူရို (.) ဘီလျံ၊ ၂၀၁၉ ခုနှစ်တွင် ယူရို (.) ဘီလျံ အသီးသီးရှိခဲ့ကြောင်း သိရပါသည်။

အလားတူ နယ်သာလန်နိုင်ငံမှ ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့သည့် လယ်ယာထွက်ကုန်မှာ အသားများဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အသားတင်ပို့မှု တန်ဖိုး ယူရို (.) ဘီလျံရှိခဲ့ရာ ၂၀၂၀ ခုနှစ် တင်ပို့မှုတန်ဖိုး ယူရို (.) ဘီလျံထက် () ရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်း၊ နယ်သာလန်နိုင်ငံ၏ အခြားသော အဓိကစိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုသည်လည်း ၂၀၂၁ ခုနှစ်တွင် တိုးတက်ခဲ့ ကြောင်း၊ နှံစားသီးနှံထုတ်ကုန်များ၊ ဂျုံမှုန့်နှင့် နို့ထွက်ပစ္စည်းတင်ပို့မှုများတွင်သာ ကျဆင်းခဲ့ကြောင်း၊ ထိုသို့ ကျဆင်းခဲ့ရခြင်း အကြောင်းရင်းများအနက် တစ်ခုမှာ တရုတ်နိုင်ငံသို့ ကလေးနို့မှုန့် တင်ပို့မှု သိသာစွာကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ကုန်သွယ်မှုပိုင်းတွင် အော်ဂဲနစ်ထုတ်ကုန်များနှင့်ပတ်သက်၍ အလေးထားမှုများ ပိုရှိလာကြောင်း၊ လက်ရှိ ကုန်သွယ်မှုစာရင်းဇယား များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အီးယူသို့ တင်သွင်းမှု စုစုပေါင်းပမာဏ၏ (.) ရာခိုင်နှုန်းမှာ အော်ဂဲနစ်ထုတ်ကုန်များ ဖြစ်ကြောင်း၊ အီးယူသို့ အများဆုံးတင်သွင်းသည့် အော်ဂဲနစ်ထုတ်ကုန်များမှာ ငှက်ပျောသီးနှင့် တိရစ္ဆာန်အစာတို့ဖြစ်ပြီး၊ အီကွေဒေါ နိုင်ငံက အများဆုံးတင်ပို့သူဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံသည် အီးယူ၌ တတိယနိုင်ငံများမှ အော်ဂဲနစ်ထုတ်ကုန်များကို အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -   https://www.cbs.nl/en-gb/news/2022/03/agricultural-exports-exceeded-100-billion-euros-in-2021

Category: Belgium