Brazil

၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံကာလတွင် ကမ္ဘာ့ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၃၈၂.၃ သန်း အထိ ရောက်ရှိနိုင်

Last Updated:

၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၃၈၂.၃ သန်းအထိ ရှိနိုင်ကြောင်း Agricultural Market Information System (AMIS) ၏ နိုဝင်ဘာလတွင် ထုတ်ဝေသည် ကမ္ဘာ့ကုန်စည်များ၏ ရောင်းလိုအားနှင့် ဝယ်လိုအားဆိုင်ရာအချက်အလက်များ သတင်းသုံးသပ်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်မှုအား ဘရာဇီးလ်နိုင်ငံက တန်ချိန် ၃၈၀.၁ သန်း၊ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က တန်ချိန် ၃၈၅.၁ သန်းနှင့် International Grain Council က တန်ချိန် ၃၇၉.၅ သန်းတို့အား အသီးသီးခန့်မှန်းထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်သီးနှံကာလတွင် ကမ္ဘာ့ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၃၆၅.၅ သန်းရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ခုနှစ်ကာလ သီးနှံစိုက်ပျိုးရာသီတွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့စိုက်ပျိုးမှုသည် ယခင်နှစ်ကထက် ၅၃.၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း the National Supply Company (Conab) က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် သုတေသနတွေ့ရှိချက်တွင် ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်အဓိကစိုက်ပျိုးထုတ်လုပ်သည့် Mato Grosso ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီအတွက် ပဲပုတ်စေ့စိုက်ပျိုးမြေဟက်တာ ၁၀.၈၄ သန်း အထိ စံချိန်တင်တိုးတက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ် သီးနှံကာလနှင့်နှိုင်းယှဉ်ပါက ၃.၅၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း Mato Grosso Institute of Agricultural Economics (Imea) ၏သတင်းတွင် ဖော်ပြထားသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil