Brazil

၂၀၂၂ - ၂၀၂၃ ခုနှစ်ကာလတွင် တရုတ်နိုင်ငံ၏ ပဲပုတ်စေ့သွင်းမှုပမာဏ စံချိန်တင်မြင့်တက်ဖွယ်ရှိ

Last Updated:

၂၀၂၂- ၂၀၂၃ ခုနှစ် နှစ်နိုင်ငံကုန်သွယ်မှုတွင် တရုတ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၁၀၀ သန်းအထိ ဝယ်ယူတင် သွင်းနိုင်ကြောင်း၊ အဆိုပါခန့်မှန်းချက်သည် ၂၀၂၁ -၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက ခန့်မှန်းတွက်ချက်ထားသည့် တန်ချိန် ၉၅ သန်း အား ကျော်လွန်ခဲ့ပြီး တရုတ်နိုင်ငံအတွင်းရှိ ကြက်နှင့် ဝက်မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော တိရိစ္ဆာန်အစာများထုတ် လုပ်ရန် ပဲပုတ်စေ့ကုန်ကြမ်းလိုအပ်ချက် ပိုမိုမြင့်တက်လာနိုင်မှုကြောင့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံစိုက်ပျိုးရေးဌာန (U.S Department of Agriculture - USDA) ၏ ခန့်မှန်းချက်အား သတင်းတွင်ဖော်ပြထားသည်။

၂၀၂၁ - ၂၀၂၂ ခုနှစ်ကာလတွင် တရုတ်နိုင်ငံသည် ပြည်တွင်းကြိတ်ခွဲမှုအတွက် ပဲပုတ်စေ့တန်ချိန် ၉၆.၅ သန်းအား အသုံးပြုခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပဲပုတ်စေ့တန်ချိန် ၉၈.၅ သန်းအထိ အသုံးပြုနိုင်ကြောင်း၊ ပြည်တွင်းကြိတ်ခွဲနိုင်မှုအရ တစ်နှစ်လျှင် ပဲပုတ် စေ့တန်ချိန် ၁၄၅ သန်းအထိ ကြိတ်ခွဲထုတ်လုပ်နိုင်သည့် အခြေအနေရှိကြောင်း USDA မှ စီးပွားရေးအရာရှိက ပြောကြားခဲ့သည်။

လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်ကာလကုန်ဆုံးချိန်တွင် တရုတ်နိုင်ငံ၏ ပဲပုတ်စေ့လက်ကျန်သည် တန်ချိန် ၂၆.၁ သန်းအထိ ကျန်ရှိနိုင် ရန် ခန့်မှန်းထားပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် လက်ကျန်တန်ချိန် ၂၇.၂ သန်း ကျန်ရှိရန်ခန့်မှန်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil