Australia

Albany ခရီးသွားနေရာအတွက် ဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ ဟိုတယ်တည်ဆောက်ရန် အဆိုပြုထားခြင်း

Last Updated:

အနောက်ဩစတြေးလျ၊ တောင်ဘက်ကမ်းရိုးတန်း၏ အကျော်ကြားဆုံး ခရီးသွားနေရာများအနက်မှ တစ်နေရာဖြစ်သည့် Albany တွင် အထပ် (၈) ထပ်၊ အခန်း (၆၆) ခန်းပါ ဟိုတယ်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ဒေါ်လာ ၂၅ သန်းတန် Middleton Beach Seashells ဟိုတယ်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပိုက်လိုင်းစီမံကိန်းတွင်ပါဝင်နေပြီး၊ အဆိုပါနေရာတွင် ၂၀၀၇ ခုနှစ်က ဟိုတယ်အဟောင်း Esplanade Hotel ကို ဖြိုဖျက်ထားခြင်းဖြစ်ပြီး၊ စီမံကိန်းနှင့်စပ်လျဉ်းသည့် ပဏာမအစီအစဉ်များကို အဓိကအဆင့် တွင် ပြည်နယ်စီမံကိန်းရေးဆွဲသူများနှင့် ထည့်သွင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပြုချက်သည် COVID-19 ကပ်ရောဂါကာလအတွင်း အဓိကစီမံကိန်းများကို အရှိန်မြှင့်တင်ကူညီရန် ပြည်နယ်အစိုးရမှ တင်သွင်းထားသည့် အနောက်ဩစတြေးလျ၏ အမြန်လမ်းကြောင်းစီမံကိန်းမှတစ်ဆင့် အဆိုပြုမည်ဖြစ်သည်။ အောက်တိုဘာလ (သို့) နိုဝင်ဘာလတွင် စတင်တည် ဆောက်မည်ဆိုပါက အနောက်ဩစတြေးလျ၏ ထောက်ပံ့ရေးအခက်အခဲများနှင့် အလုပ်သမားရှားပါးမှုဆိုင်ရာ  စိန်ခေါ်မှုများကြောင့် (၁၈) လအကြာ မှ အပြီးသတ်နိုင်မည်ဖြစ် ကြောင်းသိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)
Source: www.abc.net.au

 

Category: Australia