Belgium

Colruyt စူပါမတ်ကတ်က ဘယ်လ်ဂျီယံကမ်းရိုးတန်း၌ ယောက်သွားမွေးမြူသည့်လုပ်ငန်းကို စတင်ဆောင်ရွက်ခြင်း

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံရှိ Colruyt စူပါမတ်ကတ်သည် ဘယ်လ်ဂျီယံကမ်းရိုးတန်း၌ လေအားလျှပ်စစ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး၊ ယခုအခါ ယောက်သွား (mussel) မွေးမြူသည့်လုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရပါသည်။  ၎င်းစူပါမတ်ကတ်အနေဖြင့် () စတုရန်းမီတာဧရိယာ၌ ယောက်သွားလိုင်း (mussel lines) (၅၀) ခန့်ကို တပ်ဆင်သွားမည်ဖြစ် ကြောင်း၊ အဆိုပါ ယောက်သွားမွေးမြူရေးလုပ်ငန်းမှ ၂၀၂၃ ခုနှစ်တွင် ယောက်သွားတန်ချိန် (၂၀၀) ခန့်ကို ထုတ်လုပ်နိုင်ရန် မျှော်မှန်း ထားပြီး၊ Colruyt အနေဖြင့် စုစုပေါင်းဧရိယာ (.) စတုရန်းမီတာကို ဝယ်ယူထားခြင်းဖြစ်သဖြင့် ထပ်မံတိုးချဲ့သွားနိုင်မည့် အလား အလာရှိကြောင်း သိရပါသည်။

Colruyt ၏ အဆိုပါ ယောက်သွားမွေးမြူရေးလုပ်ငန်းသည် ဘယ်လ်ဂျီယံကမ်းရိုးတန်းမှ () ကီလိုမီတာခန့်အကွာအဝေးရှိ ပင်လယ် ပြင်၌ တည်ရှိပါသည်။ Colruyt အနေဖြင့် ဘယ်လ်ဂျီယံ ပင်လယ်ကမ်းရိုးတန်း၌ ထိုသို့ ရေသတ္တဝါမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင် မည့် အလားအလာများကို လေ့လာခြင်း၊ ခွင့်ပြုချက်လျှောက်ထားခြင်းများကို အချိန်အတော်ကြာကပင် ဆောင်ရွက်ထားခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

Colruyt စူပါမတ်ကတ်သည် ဘယ်လ်ဂျီယံကမ်းရိုးတန်း၌ ယောက်သွားမွေးမြူထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ် လုပ်ခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်လိုခြင်းဖြစ်ကြောင်း၊ ၎င်းစူပါမတ်ကတ်သည် ဘယ်လ်ဂျီယံ၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ထုတ်လုပ်ရန် စိုက်ပျိုးမြေများကိုလည်း ဝယ်ယူထားပြီးဖြစ်ကြောင်း သိရပါသည်။ ယောက်သွားသည် ဘယ်လ်ဂျီယံနိုင်ငံတွင် လူကြိုက်များ ရေပန်းစားသည့် စားသောက်ကုန်တစ်မျိုးဖြစ်ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် နှစ်စဉ် ယောက်သွားတန်ချိန် (,၅၀၀၀) ကျော်ကို တင်သွင်းလျက်ရှိရာ အများစုကို နယ်သာလန်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ်https://www.brusselstimes.com/belgium-all-news/202985/colruyt-starts-mussel-farm-off-belgian-coast

Category: Belgium