Australia

Reserve Bank of Australia က ၁၁ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်း တိုးမြှင့်လိုက်ခြင်း

Last Updated:

Reserve Bank of Australia (RBA) သည် အတိုးနှုန်းထားကို ၁၁ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်လိုက်ပြီးနောက် နိုင်ငံ၏ဘဏ်ကြီး (၄) ခု အနက် (၃) ခုသည် ယင်းတို့၏ ဖောက်သည်များအတွက် အတိုးနှုန်းထားမြှင့်တင်ပြီးဖြစ်ကြောင်း သိရှိရသည်။

၄-၅-၂၀၂၂ ရက်နေ့တွင် RBA သည် အတိုးနှုန်းထားကို ၀.၂၅% တိုးမြှင့်ခြင်းဖြင့် ၀.၁၀% မှ ၀.၃၅% သို့ မြင့်တက်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ နောက် ပိုင်း ပထမဆုံးအကြိမ် အတိုးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ အတိုးနှုန်းသည် ဩစတြေးလျ ဒေါ်လာ ၅၀၀,၀၀၀ အိမ်စာချုပ်အတွက် တစ်လလျှင် ၆၅ ဒေါ်လာ ထပ်တိုးပေးရမည်ဖြစ်ပြီး၊ ဒေါ်လာတစ်သန်း ချေးငွေအတွက် (၂) ဆ ပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။

The Commonwealth Bank သည် မေလ ၂၀ ရက်နေ့မှစတင်၍ ငွေချေးစာချုပ်များအတွက် ၀.၂၅% တိုးမြှင့်ခြင်းဖြင့် RBA ၏ အတိုးနှုန်းမြှင့်တက်မှုကို တုံ့ပြန်လိုက်သည့် ပထမဆုံး အဓိကဘဏ်ကြီးဖြစ်ပြီး၊ ANZ Bank သည် မေလ ၁၃ ရက်နေ့မှစတင်၍ အတိုးနှုန်းထားမြင့်တက်မည်ဖြစ်သည်။

Reserve Bank မှ  governor Philip Lowe က မကြာသေးမီက အလွန်မြင့်မားသော ငွေကြေးဖောင်းပွမှုကိန်းဂဏန်းများနှင့် အလုပ်သမားများ လုပ်ခ လစာ တိုးမြင့်လာသည်ဟူသော အထောက်အထားများပေါင်းစပ်မှုသည် အရေးပေါ်အတိုးနှုန်းနိမ့်ကျမှုမှ ပုံမှန်အတိုးနှုန်းပြုလုပ်ရန် အချိန်မှန်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

Reserve Bank သည်ယခုအခါ ယင်း၏ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်များကို သိသိသာသာ တိုးမြင့်လာခဲ့သည်။ စားသုံးသူစျေးနှုန်းများသည် ယခုနှစ်တွင် ၆ % အထိ မြင့်တက်လာရန် ညွှန်ပြနေပြီး၊ ၂၀၂၄ ခုနှစ်တွင် နှစ်စဉ် ၃% ဖြင့် ကြီးထွားနေဆဲဖြစ်သည်။ အတိုးနှုန်းသည် ၂၀၂၄ ခုနှစ်အထိ မြင့်တက်ဖွယ်မရှိနိုင်ဆိုသည့် ယမန်နှစ်က ခန့်မှန်းချက်များဖြင့် ပမာဏများပြားသော ငွေချေးစာချုပ်ချုပ်ဆိုခဲ့ကြသူများအတွက် စိန်ခေါ်မှုများရှိနေ ကြောင်း သိရှိရသည်။ ကျွမ်းကျင်သူများက အတိုးနှုန်းမြှင့်တက်မှုကြောင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.abc.net.au

Category: Australia