Events

“(၃၂) ကြိမ်မြောက် စားသောက်ကုန် ကုန်စည်ပြပွဲ ၂၀၂၁ (Food Expo 2021 )” ပြပွဲကျင်းပမည်

Updated At: 2021-01-12 08:40:56

“(၃၂)ကြိမ်မြောက် စားသောက်ကုန် ကုန်စည်ပြပွဲ ၂၀၂၁ (Food Expo 2021 )”ပြပွဲကို ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ၊ Hong Kong Convention and Exhibition Center တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ဟောင်ကောင်ကုန်သွယ်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (Hong Kong Trade Development Council-HKTDC) မှကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဟောင်ကောင်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံးမှ ဖိတ်ကြားလာပါသည်။

ယင်းပြပွဲသည် မြန်မာနိုင်ငံမှ စားသောက်ကုန်ပစ္စည်းများတင်ပို့မှုကို မြှင့်တင်နိုင်ရန်၊ အရည်အသွေးကောင်းမွန်သည့် စားသောက်ကုန်များကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ဝယ်ယူသူများထံသို့မိတ်ဆက် မြှင့်တင်နိုင်ရန်၊ မြန်မာစားသောက် ကုန်ကုမ္ပဏီများနှင့် နိုင်ငံတကာမှဝယ်ယူသူများအကြား တိုက်ရိုက်ထိတွေ့ချိတ်ဆက်နိုင်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

ပြပွဲတွင် အစားအသောက်နှင့် အဖျော်ယမကာကုန်ပစ္စည်းများ၊ စားသောက်ကုန်များထုပ်ပိုးမှု၊ တံဆိပ်ကပ်ခြင်း၊ ဘေးကင်းလုံခြုံမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟာလာအစားအစာ နှင့် အဖျော်ယမကာကုန်ပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ရာ ပြခန်းအစု (Pavilion) တစ်ခုတွင် အကျယ်(၉၀)စတုရန်းမီတာရှိပြီး ပြခန်းတစ်ခုလျှင်(၄.၅) စတုရန်းမီတာဖြင့် ကုမ္ပဏီပေါင်း(၂၀)ခုပါဝင် ပြသနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါပြပွဲတွင် ပြခန်းအမျိုးအစား(၂)မျိုးပါဝင်ပြသနိုင်၍ ပြခန်းများအား လျှော့‌ဈေးဖြင့် ငှားရမ်းပေးမည်ဖြစ်ပြီး ၉-၃-၂၀၂၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သို့ပါ၍ UMFCCI အသင်းချုပ်နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များအနေဖြင့် ပါဝင်ပြသမည့် ကုမ္ပဏီစာရင်းများကို နေပြည်တော်၊ ဖုန်း၀၆၇-၃၄၀၈၆၂၂၊၀၆၇-၃၄၀၈၆၂၃၊ အီးမေးလ်၊ [email protected], [email protected] နှင့် ရန်ကုန်၊ဖုန်း ၀၁-၃၈၅၃၂၃၊ ၀၁-၃၈၅၃၃၆ အီးမေးလ်၊ [email protected] , [email protected] တို့သို့ ၁၅-၂-၂၀၂၁ ရက်နေ့ မတိုင်မီပေးပို့နိုင်ပါကြောင်း အသိပေးပါသည်။

Read more

Event Details

Date
2021-08-12 to 2021-08-16
-
Location
Hong Kong Convention and Exhibition Center
Website
https://event.hktdc.com/fair/hkfoodexpo-en/HKTDC-Food-Expo/