Events

“E- Connect, a Virtual B2B Meetings Platform” ပြပွဲကျင်းပမည်

Updated At: 2020-11-05 06:51:10

အိန္ဒိယနိုင်ငံ၊ Indian Electrical & Electronics Manufacturers’ Association (IEEMA) မှ ကြီးမှူးကျင်းပသော “E- Connect, a Virtual B2B Meetings Platform” ပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ Online ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် ပါဝင်တက်ရောက်နိုင်ကြောင်း အိန္ဒိယသံရုံးမှတဆင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ အကြောင်းကြားလာပါသည်။ အဆိုပါပွဲ တွင် စွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာများ၊ လျှပ်စစ်ဓာတ်အားသွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အရည်အသွေးမြင့် ထုတ်ကုန်ဆိုင်ရာများနှင့်ဈေးနှုန်းများအကြောင်းကို အိန္ဒိယဦးဆောင်ကုမ္ပဏီများမှ သိရှိနိုင်မည့်အခွင့်အလမ်း ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူများအနေဖြင့် https://econnect.ieema.org/buyer/Vietnam-Myanmar တွင် Register ပြုလုပ်ရမည်ဖြစ်ပြီး ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလို ပါက Ms. Lavina Mamtani၊ Email:[email protected] com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Event Details

Date
2020-12-21 to 2020-12-25
-
Location
Online
Website
www.myantrade.org