Events

“Kunming Spring Festival Shopping Expo” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရန် ဖိတ်ကြား

Updated At: 2020-11-10 06:43:44

“Kunming Spring Festival Shopping Expo” ပြပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှပါဝင်ပြသရန် China Chamber of International Commerce, Yunnan Chamber မှ ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲတွင် စားသောက်ကုန်ပစ္စည်းများ၊ ဝိုင်နှင့်အဖျော်ယမကာများ၊ အထည်အလိပ်၊ အဝတ်အထည်များနှင့်ဖိနပ်များ၊ အိမ်သုံးပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ အလှအပ ဆိုင်ရာပစ္စည်းများဖြစ်သော မိတ်ကပ်နှင့် Skin Care များ၊ ကျောက်စိမ်းနှင့်လက်ဝတ်ရတနာများ၊ စိုက်ပျိုးရေးနှင့်လယ်ယာထွက်ကုန်များ၊ ဒေသထွက်ကုန်များ၊ ပရိဘောဂများ၊ ခရီးသွားနှင့်အားလပ်ချိန်ဆိုင်ရာ ထုတ်ကုန်များကို စိတ်ဝင်စားသော မြန်မာကုန်မ္ပဏီများအနေဖြင့် ဝင်ရောက် ပြသနိုင်ကြောင်း သိရှိရပါသည်။
ပြခန်းစီစဉ်နေရာချထားခြင်းကို  ၂၃-၁- ၂၀၂၁ ရက်နေ့မှ  ၂၄-၁-၂၀၂၁ ရက်နေ့အထိ  ဆောင်ရွက်သွားမည်ဖြစ်ပြီး Standard Booth  Class A ပြခန်းခနှုန်းထားမှာ (3mx3m) ပြခန်း(၁)ခန်းလျှင် Single Opening အတွက်  9000 RMB၊ Double Opening အတွက် 9500 RMB၊ Standard Booth  Class B ပြခန်းခနှုန်းထားမှာ (3mx3m) ပြခန်း(၁)ခန်းလျှင် Single Opening အတွက် 8000 RMB၊ Double Opening အတွက် 8500 RMB ကျသင့်မည်ဖြစ်ပါသည်။
ပြပွဲသို့ ဝင်ရောက်ပြသလိုသော မြန်မာ လုပ်ငန်းရှင်များအနေဖြင့် Application Form ကို ပြည့်စုံစွာဖြည့်စွက်၍ Mr. Qin 86-871-63140323၊ Ms. Du 86-871-63155519၊ Ms. Yang 86-871-63164700၊ Email: [email protected][email protected] ၊ Address: Room No. 1816/710 ၊ No.175၊ Beijing Rd၊ Kunming၊ China သို့ ပေးပို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။

လျှောက်လွှာပုံစံရယူရန်
 

Event Details

Date
2021-01-25 to 2021-02-09
-
Location
ကူမင်းမြို့
Website