Events
“The China- ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition” “တရုတ်- အာဆီယံ သကြားထုတ်ကုန်၊ သကြားစိုက်ပျိုးရေးဆိုင်ရာ စက်အပိုပစ္စည်းများ” ပြပွဲကျင်းပမည်
Updated At: 2020-12-14 09:02:59
“The China- ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition” ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ Nanning International Convention and Exhibition Center (NICEC) တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ ပြပွဲတွင် သကြားစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်သည့် စက်ပစ္စည်းများ၊ နည်းပညာများနှင့် အသုံးအဆောင်များ၊ သကြားနှင့်လုပ်ငန်းသုံးသကြားစသည့်ထွက်ကုန်များ၊ ချောကလက်၊ သကြားလုံး၊ ပျားရည်၊ ဘီစကစ်၊ နို့မှုန့်၊ သကြားပါဝင်သည့် ဆေးဝါးများ၊ စိုက်ပျိုးရေး ထွက်ကုန်များစသည့် သကြားဖြင့် ထုတ်လုပ်ထားသည့် စားသောက်ကုန်များနှင့် ယမကာများ၊ အထောက်အကူပြုပံ့ပိုးပေးမည့် ဝန်ဆောင်မှုများဟူ၍ အပိုင်း(၅)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် မြန်မာနိုင်ငံ၏ သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများအား ပါဝင်ပြသရေးအတွက် တရုတ်- အာဆီယံကုန်စည်ပြပွဲကျင်းပရေး အတွင်းရေးမှူးရုံး(CAEXPO Secretariat)၏ လုပ်ငန်းခွဲတစ်ခုဖြစ် သည့် Guangxi International Expositions Group Co.,Ltd (GIEG) မှ (၃၆)စတုရန်းမီတာ ပြခန်းနေရာအား ပံ့ပိုးပေးသွားမည်ဖြစ်ရာ နန်နင်းစီးပွားရေးသံမှူးနှင့် ရုံးဝန်ထမ်းများက မြန်မာနိုင်ငံ၏ သကြားလုပ်ငန်းဖွံ့ဖြိုးလာပုံများကို နံရံကပ်စာစောင်များ၊ လက်ကမ်းစာစောင်များနှင့် ခင်းကျင်းပြသပြီး ဝယ်ယူလိုကြောင်း စုံစမ်းမေးမြန်းမှုများရှိပါက ရောင်းချလိုသည့် သကြားထွက်ကုန်များအကြောင်းကို ရှင်းလင်းဖြေကြားပေးမည်ဖြစ်ပါသည်။ မြန်မာလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ကြံ လုပ်ငန်းနှင့် သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပုံ၊ ရောင်းချလိုသည့် ထွက်ကုန်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များ၊ ဈေးနှုန်း၊ အမျိုးအစားဖော်ပြချက်များနှင့် မြန်မာလုပ်ငန်းရှင်များ၏ ဆက်သွယ်ရ မည့်အမည်၊ E- mail လိပ်စာ၊ Viber ဖုန်းနံပါတ်တို့ကို နန်နင်း၊ စီးပွားရေသံမှူး၊ E-mail: [email protected] နှင့် [email protected] သို့ ၁၆- ၁၂- ၂၀၂၀ ရက်နေ့(ဗုဒ္ဓဟူးနေ့)နောက်ဆုံးထား၍ ပေးပို့နိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- 2020-12-19 to 2020-12-21
-
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ Nanning International Convention and Exhibition Center (NICEC)
- Website
- www.myantrade.org