Events
2020 AMPA MYANMAR Power Expo Myanmar Digital
Updated At: 2020-12-08 08:47:13

နိုင်ငံတစ်ဝှမ်းတွင်ကိုဗစ်-၁၉ ရောဂါကြီးဖြစ်ပွားနေသောကြောင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများလည်း အယိုအယွင်းများဖြစ်လာကြသည်ကိုတွေ့ရှိရပါသည်။ ဒီခက်ခဲနေသောကာလအတွင်းတွင် နိုင်ငံတွင်းမှ စီးပွားရေးကုန်သည်လုပ်ငန်းရှင်များကို ကူညီပြီး ထိုင်ဝမ်အပြင် တခြားနိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်ရည်ရွယ်ပြီး ၂၀၂၀ ပြည်နှစ်၊ မြန်မာ့အပြည်ပြည်ဆိုင်ရာယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကားပိုင်းဆိုင်ရာပြပွဲကြိီး (AMPA Myanmar) နှင့် အီလက်ထရောနစ်နည်းပညာနှင့် လျှပ်စစ်စွမ်းအင်ပိုင်းဆိုင်ရာပြပွဲကြီး (Power Expo Myanmar) ကို ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းဒီဂျစ်ပြပွဲကြီးအနေဖြင့် ဒီကနေ့ဒီဇင်ဘာလ (၁၄) မှ (၁၈) ရက်နေ့အထိ၊ နံနက် ၉:ဝ၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပါသည်။
ယခုပြပွဲကြီးကို ထိုင်ဝမ်ကုန်သွယ်ရေးစင်တာ (TWTC) နှင့် Yorkers Trade & Marketing Service Co.,Ltd တို့မှ ပူးပေါင်းစီစဉ်ပြီး မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဂျာမနီနှင့် ထိုင်ဝမ်အစရှိသော နိုင်ငံပေါင်း(၆)နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း(၅၀) ကျော်တို့ဖြင့် အပြင်မှာ တကယ်တွေ့ဆုံနေသကဲ့သို့ အပြန်အလှန်ဆွေးနွေးနိုင်မှုများ၊ ပစ္စည်းအသစ်များကို သီးသန့်ပြသသွားမည့် အစီအစဉ်များနှင့် သက်ဆိုင်ရာစီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်ဆိုင်ရာသီးသန့်အခန်းများပါဝင်လာပြီး နိုင်ငံတကာမှ ဝင်ရောက်လေ့လာသူပေါင်း (၁၅၀ဝ) ကျော်ရှိမည်ဟု ခန့်မှန်းထားပါသည်။
“မြန်မာနိုင်ငံ၏ ကားဈေးကွက်သည် ၂၀၂၁-၂၀၂၉ အတွင်းပျမ်းမျှ ၆-၇ ရာခိုင်နှုန်းတိုးထားမည်ဟု ခန့်မှန်းထားပြီး ၂၀၂၉ တွင် ၂.၉၇ သန်းအထိရောက်ရှိနိုင်မည် ခန့်မှန်းပြောဆိုထားပါသည်။ တစ်ချိန်တည်းမှာပင်အစိုးရသည် အခွန်လွတ်ပေါ်လစီ၊ တိကျသောကားလိုင်စင်များ ပေးအပ်ခြင်းနှင့်ပြည်တွင်းတွင် ထုတ်လုပ်ရန်ကြိုးစားနေမှု အစရှိသည်တို့ကြောင့် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်သည် အကြီးအကျယ်ပြောင်းလဲနေသည်။ ထို့ကြောင့်ကျွန်ု်ပ်တို့သည် လာမည့်လများအတွင်း မြန်မာနိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းသည် ဆက်လက်ပြီးပြန်လည် ကောင်းမွန်လာမည်ကို မြင်ပါသည်ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်းများ အသင်းမှ ဥက္ကဌဒေါက်တာစိုးထွန်းမှ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏အလားအလာများနှင့် ပက်သက်ပြီးအကောင်းမြင်သည့် အနေဖြင့်ထိပ်တန်းနိုင်ငံတကာ အမှတ်တံဆိပ်များနှင့် ကုမ္ပဏီများပါဝင်ပြသထားကြပြီး ထိပ်တန်းထုတ်ကုန်တစ်ခုဖြစ်သော Robert Bosh နှင့် ဂျာမနီတွင် ကားပိုင်းဆိုင်ရာတွင်ကျော်ကြားသောသူများနှင့် M&K Int’l နှင့် HK ACE မြန်မာတို့ပါဝင်သော မြန်မာနိုင်ငံမှ ဂုဏ်ယူစွာဖြင့်ဝင်ရောက်ပြသသောသူများ အစရှိသည်တို့ဖြင့် ကားပိုင်းဆိုင်ရာဆက်စပ်ပစ္စည်းအမျိုးမျိုးနှင့် ဘက်ထရီပိုင်းဆိုင်ရာအမျိူးမျိုးတို့ ပါဝင်ပြသသွားမည်ဖြစ်သည်။ ထို့အပြင် Cheng Mao Precision Sealing ၏ တံဆိပ်ခတ်မှုဆိုင်ရာများ၊ ထိုင်ဝမ်၏ ထူးခြားသော OEM နှင့် ODM ဆိုင်ရာလုပ်ငန်းရှင်များ၊ Taya အီလက်ထရစ်နှင့် အရည်အသွေးမြင့် ပါဝါကေဘယ်လ်ပိုင်းဆိုင်ရာများ အစရှိသည့် ထိပ်တန်းထိုင်ဝမ်ကုန်ပစ္စည်းအမှတ်တံဆိပ်များစွာပါဝင်လာမည့်အပြင်ပြပွဲတွင်အမြဲတမ်းဝင်ရောက်ပြသသော Long Men Technology’s Circuit Breaker သည်ပါဝင်အားဖြည့်ပြသသွားမည်ဖြစ်ပါသည်။
TWTC မှဒု-ဥက္ကဌ Simon Wang သည်ထိုင်ဝမ်သည်ကမ္ဘာတစ်ဝှမ်းတွင်ကားအပိုပစ္စည်းတင်ပို့မှုတွင်အကြီးဆုံးတင်ပို့သူဖြစ်သည်ဟုမှတ်ချက်ပေးခဲ့သည်။ထို့အပြင်ထိုင်ဝမ်တွင်လျှပ်စစ်၊အီလက်ထရောနစ်နှင့်လျှပ်စစ်ပစ္စည်းပိုင်းဆိုင်ရာကိရိယာများ၏ပြည့်ဝသောထောက်ပံ့မှုတွင်အဆက်အသွယ်များရှိပြီး၄င်းသည်မြန်မာနိုင်ငံ၏လက်ရှိလိုအပ်ချက်များကိုတိကျစွာဖြည့်ဆည်းပေးနိ်ုင်သည်။ယခုကားပိုင်းဆိုင်ရာနှင့်အီလက်ထရစ်ပိုင်းဆိုင်ရာပြပွဲကြီးကို TWTC သည်(၇)ကြိမ်တိုင်တိုင်ဦးဆောင်ကျင်းပခဲ့သူဖြစ်သည်။ထို့အပြင်နိုဝင်ဘာလ(၁၅)ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့သည့်ဒေသဆိုင်ရာဘက်စုံစီးပွားရေးမိတ်ဖက်ပြုမှုဆိုင်ရာအာဆီယံလူမှုဘောင်ကမြန်မာနိုင်ငံအားဖွံ့ဖြိုးတိုးတက်မှု၊စီးပွားရေးအခွင့်အလမ်းများနှင့်ရင်းနှီးမြှုပ်နှံမှုများအတွက်အလားအလာကောင်းသောပတ်ဝန်းကျင်
တစ်ခုဖြစ်လာမည်ဟုကတိပြုခဲ့သည်။
ဒီဂျစ်တယ်ကုန်စည်ပြပွဲကြီးတွင် ထိုင်ဝမ်နိုင်ငံမှထူးချွန်သော စီးပွားရေးလုပ်ငန်း(၅)ခု ပါဝင်လာမည်ဖြစ်သည်။ Chu Hong Oil Seals၊ KENDA Rubber Industrial Co.,Ltd၊ ADI OpitcsCo.,Ltdနှင့်Zealio Electronics အစရှိသည့်တို့မှနောက်ဆုံးပေါ်ဆုရရှိထားသောကုန်ပစ္စည်းများနှင့် Oil Sealing မှ Wireless LED Muduleအထိအစရှိသည့်အမျိုးမျိုးသောထုတ်ကုန်များကိုပြသသွားမည်ဖြစ်သည်။ ထို့အပြင်ထိုင်ဝမ် ထူးချွန်ဆုရသော Lucidity၊ ADI Optics၊ Cub နှင့် Hua-Jie(ထိုင်ဝမ်) အပါအဝင်ထုတ်ကုန်အသစ်များကိုသက်သေသာဓကများနှင့်ထင်ထင်ရှားရှားပြသသွားမည့်အစီအစဉ်များလဲပါဝင်သည်။ထိုထိုင်ဝမ်ထူးချွန်ဆုရရှိသောသူများ၏ထုတ်ကုန်များသည်ယာဉ်ပိုင်းဆိုင်ရာအန္တရာယ်ကင်းရှင်းရေးနှင့်ကြီးမားသောစီးပွားရေးဆိုင်ရာအခွင့်အလမ်းများကိုရရှိနိ်ုင်ရန်တင်ဆက်သွားမည်ဖြစ်သည်။
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း(MAMDA) နှင့် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (YACSAA)တို့မှ ကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့အကြုံများနှင့် မြန်မာနိုင်ငံ၏ ကြီးမားသောစီးပွားရေးအခွင ့်အလမ်းများကိုမျှဝေ သွားမည်ဖြစ်ပါသည်။
AMPA Myanmar နှင့် Power Expo Myanmar 2021 ပြပွဲကြီးကိုအပြင်တွင်ကိုယ်တိုင်လာရောက်လေ့လာနိုင်ရန်အတွက်လာမည့်၂၀၂၁ခုနစ်၊ အောက်တိုဘာလ (၁၄) မှ (၁၈) ရက်နေ့ထိ၊ ရန်ကုန်ကုန်သွယ်ရေးစင်တာ (YCC) တွင် ကျင်းပပြုလုပ်နိုင်ရန်စီစဉ်ထားရှိပါသည်။ အသေးစိတ်ထပ်မံသိရှိလိုပါကရန်ကုန်ထိုင်ဝမ်ကုန်သွယ်ရေးစင်တာ 01-860 3461 (သို့) Yorkers Exhibition Service (Myanmar) Co.,Ltd၊ 01-9010753 သို့ဆက်သွယ်နိုင်ပြီး www.myanmarfairs.com တွင်လည်းလေ့လာနိုင်ပါသည်။
ဒီဂျစ်တယ်ပြပွဲရက် ၂၀၂၀ခုနှစ်၊ဒီဇင်ဘာလ(၁၄) မှ(၁၈)ရက်အထိ။(တနင်္လာမှသောကြာ)
အွန်လိုင်းလိပ်စာ www.chanchao.com.tw/ampamyanmar/onlineexpo/
ပြပွဲစီစဉ်သူ Taipei World Trade Centre (TWTC), Yorkers Trade & Marketing Service
Co., Ltd.
ကူညီပံ့ပိုးသည့်အသင်းအဖွဲ့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MyanTrade)
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
(UMFCCI),
Myanmar Automobile Manufacturer and Distributor Association,
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ
အသင်း(MAMDA)
ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း
(YACSAA)
Delegation of German Industry and Commerce in Myanmar
(AHK Myanmar)
ပြပွဲ၏လှုပ်ရှားမှုများ Webinar ဖြင့်ကျင်းပသွားမည့် ကုန်ပစ္စည်းအသစ်စတင်မိတ်ဆက်ခြင်း။
Exhibition Profile
ပြပွဲပြသသူတို့၏အကျဉ်းချုပ် AMPA Myanmar Digital AMPAမြန်မာဒီဂျစ်တယ်ပြပွဲ
အင်ဂျင်အစိတ်အပိုင်းများ၊ အော်တိုမိုတစ် အစိတ်အပိုင်းများ နှင့် ဆက်စပ်ပစ္စည်းများ ၊ အော်တိုမိုဘိုင်း အီလက်ထရောနစ် ပြုပြင်ရေး နှင့် ထိန်းသိမ်းရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုများစက်သုံးဆီ နှင့် ဂတ်(စ်) ကုန်ထုတ်စွမ်းအားများ ။မော်တော်ဆိုင်ကယ် အစိတ်အပိုင်း များနှင့် ဆက်စပ်ပစ္စည်းများကားပိုင်းဆိုင်ရာသုံး လက်ကိုင်ဂွ များ နှင့် ကုန်ထုတ်လုပ်မှုများ ။တာယာ နှင့် ဂွေ ။
Power Expo Myanmar Digital ပါဝါမြန်မာဒီဂျစ်တယ်ပြပွဲ
လျှပ်စစ်ပါဝါထောက်ပံ့ရေးပစ္စည်းကိရိယာများ၊လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းကိရိယာများ ၊မီးစက်များ၊ ဝါယာနှင့်ကေဘယ်ကြိုးများ၊ ဝါယာနှင့် ကေဘယ်ကြိုးများ၊ ပါဝါထောက်ပံ့ရေး ပစ္စည်းကိရိယာများ၊ မော်တာနှင့် ပန့်(ပ်)များ ၊ အီလက်ထရောနစ်ပစ္စည်းကိရိယာများ၊ စွမ်းအင်ထုတ်ပစ္စည်းကိရိယာများ ။
ဆက်သွယ်ရန် Taipei World Trade Center (TWTC)
Ms. Rachanee [email protected]
Yorkers Trade & Marketing Service
Ms. UnaChang [email protected]
Event Details
- Date
- 2020-12-14 to 2020-12-18
-
- Location
- Online