အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Coffee Markets

အီးယူ၏ကော်ဖီစေ့သုတေသန(EU Market Scans for Coffee)

အီးယူ၏ ကော်ဖီစေ့စျေးကွက်သည် ကမ္ဘာ့အကြီးဆုံးဖြစ်ပြီး အမေရိကန်စျေးကွက်၏ (၂)ဆကျော်ရှိပါသည်။ အီးယူ၏ ကော်ဖီစေ့စားသုံးမှုမှာ ကမ္ဘာတစ်ဝန်းလုံးစားသုံးမှု၏ ၃၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ အီးယူ၏ ကော်ဖီစေ့တင်သွင်းသည့် စျေးကွက်မှာ ဂျာမနီနှင့် အီတလီတို့၌ အများဆုံး စုပေးနေကြပြီး အီးယူစုစုပေါင်းတင်သွင်းသည့် ပမာဏ၏ တစ်ဝက်ကျော်ခန့်ရှိပါသည်။ ထို့ကြောင့် မြန်မာကော်ဖီစေ့တင်ပို့သူများအနေဖြင့် ဂျာမနီနှင့် အီတလီကို အဓိကထား၍ စျေးကွက် သုတေသနပြုလုပ်သင့်ပါသည်။ ထို့ပြင် ဂျာမနီနှင့် အီတလီတို့သည် ကော်ဖီမှုန့်ထုတ်လုပ် တင်ပို့ သည့် အဓိကအီးယူနိုင်ငံများဖြစ်ကြပါသည်။

Download full report

Download full report in Myanmar Language

 

အီးယူ၏ ရေရှည်တည်တံ့သောကော်ဖီစေ့စျေးကွက်(EU Market for sustainable coffee - CBI Report)

ကမ္ဘာ့တာရှည်ခံကော်ဖီစေ့စျေးကွက်တွင် အီးယူသည် အဓိကအခန်းကဏ္ဍမှ ဦးဆောင် နေသည်။ ဥရောပရှိ စားသုံးသူတို့သည် ကော်ဖီစေ့၏ မူလရင်းမြစ်ကို ပိုမိုစိတ်ဝင်စားလာကြပြီး ကော်ဖီမှုန့်လုပ်ငန်းများသည်လည်း စျေးကွက်လိုအပ်ချက်နှင့် ပိုမိုကိုက်ညီသော ရေရှည်တည်တံ့ နိုင်မည့် နည်းစနစ်များ၊ စံနှုန်းများကို အသုံးပြုလာကြသည်။ အများဆုံး အသုံးပြုသော စိစစ် အတည်ပြုရေးလုပ်ငန်းစဉ်များ(Certification Schemes)မှာ 4CUTZ Certified/Rainforest Alliance  ဖြစ်သည်။ (၂၀၁၈ တွင် ပူးပေါင်းခဲ့သည်။)

           စိစစ်အကဲဖြတ်ရေးလုပ်ငန်းစဉ်များ၏ အကျိုးသက်ရောက်မှုကို မှန်းဆရန် မလွယ်ကူပါ။ အဆိုပါ ထောက်ခံအတည်ပြုထားသော လက်မှတ်များဖြင့် ရောင်းချနေမှုများမှာ ယခုအချိန်ထိ လူကြိုက်များနေသော်လည်း ၄င်း၏ အကျိုးသက်ရောက်မှုအပေါ် ဝေဖန်စိစစ်မှုများလည်း ပိုမို များပြားလာနေပါသည်။

Read CBI Report

မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလေ့လာချက်

ဤလေ့လာချက်တွင် မြန်မာ့ကော်ဖီ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အထိ မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ကမ္ဘာ့နိုင်ငံများသို့ ကော်ဖီတင်ပို့ တင်သွင်းမှု အခြေအနေများကို လေ့လာကြည့်ရှုနိုင်ပါသည်။

 

Download full report here