Local News

မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီကြိတ်ဖတ် ဈေးကွက်ဈေးနှုန်းအခြေအနေ

Last Updated:

ပြည်တွင်းတွင်ကြိတ်ခွဲသည့်စားသုံးဆီများကို ကျန်းမာရေးနှင့်ညီညွတ်သည့်အတွက် စားသုံးမှု ပိုမိုလာပြီး ဆီစက်များမှကြိတ်ခွဲသည့် မြေပဲ၊နှမ်း၊ နေကြာနှင့် မုန်ညှင်းတို့ ဆီကြိတ်ရာမှထွက်ရှိလာ သည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်နှင့် မုန်ညှင်းဖတ်တို့သည် ပဲမျိုးစုံများကဲ့သို့  မန္တလေးကုန်စည်ဒိုင် တွင် ဈေးကွက်တစ်ခုရှိနေပြီး၊ မွေးမြူရေးအစာစက်ရုံများမှ အများဆုံးဝယ်ယူမှုရှိကြောင်း၊ ကုန်ကြမ်း ဈေးအနိမ့်အမြင့်နှင့် တိရစ္ဆာန်အစာဈေးကွက်ပေါ်မူတည်ပြီး ဆီကြိတ်ဖတ်ဈေးအနိမ့်အမြင့်ရှိကြောင်း သိရသည်။

၂၀၂၅ခုနှစ် မေလတတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-

          မြေပဲဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၄၉၀၀ မှ ၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၅၀၀ မှ ၄၈၀၀၊ ယခင်လကျပ် ၅၁၀၀ မှ ၅၂၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၄၀၀ ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၂၀၀ခန့် ဈေးနိမ့်လာသည်။

          နှမ်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၄၁၀၀မှ ၄၂၀၀၊ ယခင် တစ်ပတ်ကျပ် ၄၀၀၀ မှ ၄၁၀၀၊ ယခင်လကျပ် ၄၃၀၀ မှ ၄၄၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀  ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၂၀၀ခန့် ဈေးနိမ့်လာသည်။

          နေကြာဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်/ယခင်တစ်ပတ် ကျပ် ၂၂၀၀ မှ ၂၃၀၀၊ ယခင်လကျပ် ၃၀၀၀ မှ ၃၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၇၀၀ မှ ၈၀၀ခန့် ဈေးနိမ့်လာသည်။

          မုန်ညှင်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ်၂၆၀၀ မှ ၂၇၀၀၊ ယခင်တစ်ပတ် ကျပ်၂၅၀၀မှ ၂၆၀၀၊ ယခင်လကျပ် ၃၃၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၆၀၀ မှ ၇၀၀ ခန့် ဈေးနိမ့်လာသည်။

          ပန်းနှမ်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ်၂၇၀၀ မှ ၂၇၅၀၊ ယခင်တစ်ပတ် ကျပ်၂၆၅၀ မှ ၂၇၀၀၊ ယခင်လ ကျပ် ၂၉၅၀ မှ ၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ ဈေးမြင့်လာပြီး ၊ ယခင်လထက် ကျပ် ၂၅၀ ခန့် ဈေးနိမ့်လာသည်။

Category: Local News