အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ABOUT MYANTRADE

တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ

 တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးမှူးရုံးများကို နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းမှလုပ်ငန်းရှင်များ ချိတ်ဆက်၍ သတင်းအချက်အလက်များ ဖြန့်ဝေပေးရန်နှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း (တောင်ကြီး/မူဆယ်)၊ မကွေး၊ ဧရာဝတီတို့တွင် ဦးစီးမှူးရုံးများကို ဖွင့်လှစ်ခဲ့ပါသည်။

    အဆိုပါ ဦးစီးမှူးရုံးများသည် စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းအချက်အလက်များဖြန့်ဝေပေးခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင်များ တောင်သူလယ်သမားများ အား ကုန်သွယ်မှုနှင့်သက်ဆိုင်သော သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာဝန်ဆောင်မှုများနှင့် လုပ်ငန်းဆောင် ရွက်မှုများကို သိရှိစေရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ကုန်စည်ပြပွဲများတွင် ကူညီဆောင်ရွက်ပေးခြင်းတို့ ဝန်ဆောင်မှု ပေးလျှက် ရှိပါသည်။