အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ABOUT MYANTRADE

စီးပွားရေးသံမှူးများ

    ပြည်ပသို့ စေလွှတ်သည့် စီးပွားရေးသံမှူးများ စီမံကြီးကြပ်ခြင်းအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ တာဝန်ယူကြီးကြပ်ဆောင်ရွက်ပါသည်။
    မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေးတို့ကို အထောက်အကူပြုစေရေးအတွက် စီးပွားရေးသံမှူးများအား စီးပွား ရေးအရ အရေးပါသောနိုင်ငံများသို့ စေလွှတ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ် ပါသည်။
စီးပွားရေးသံမှူးများစေလွှတ်ထားရှိသည့် နိုင်ငံများ
    ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပေကျင်းမြို့၊ နန်နင်းမြို့၊ ကူမင်းမြို့၊ ဟောင်ကောင်မြို့) ဟောင်ကောင်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဩစတြေးလျနိုင်ငံ။
စီးပွားရေးသံမှူးများ၏လုပ်ငန်းတာဝန်များ
-    သက်ဆိုင်ရာနိုင်ငံ၏ စျေးကွက်သတင်းအချက်အလက်နှင့် သုံးသပ်ချက်များ လေ့လာတင်ပြခြင်း
-    မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် စီးပွားရေးဝန်း ကျင် ဆိုင်ရာ အချက်အလက်များအား အမြဲမပြတ်လေ့လာစုဆောင်း၍ သက်ဆိုင်ရာ နိုင်ငံ၌ ရှင်းလင်းတင်ပြခြင်း
-    မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများအား သက်ဆိုင်ရာနိုင်ငံများတွင် ဈေးကွက် ထိုးဖောက်နိုင်ရေးနှင့် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကူညီပေးခြင်း
-    သက်ဆိုင်ရာနိုင်ငံများမှ စီးပွားရေးဆိုင်ရာ ဝန်ကြီးများ၊ အဆင့်မြင့်အရာထမ်း များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ရင်းနှီးစွာ ဆက်ဆံ၍ မြန်မာနိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ၏ ခရီးစဉ်များ၊ စီးပွားရေးတွေ့ဆုံ ဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများနှင့် အခြားလိုအပ်သော စီးပွားရေးမြှင့်တင်မှု အစီအစဉ်များကို ဆောင်ရွက်ပေးခြင်း။