စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကြက်သွန်နီ စိုက်ပျိုးရန်စုစုပေါင်း ဧက ၄၇၀၀၀ကျော် လျာထားပြီး မိုးကြက်သွန်နီအနေဖြင့် ဧက ၂၃၀၀ ကျော် လျာထားကြောင်းသိရပါသည်။ ဇူလိုင်လ ပထမပတ်အထိ မိုးကြက်သွန်နီ ဧက ၉၀၀ခန့် စိုက်ပျိုးပြီးစီးနေကြောင်းသိရပါသည်။ မုံရွာပွဲရုံသို့ နေ့စဉ် ဝင်ရောက်မှုမှာ ကြက်သွန်နီ ပိဿာချိန် ၅၀၀၀ခန့် အဝင်ရှိနေကြောင်း ကြက်သွန်နီသီးနှံပွဲရုံမှ သိရှိရပါသည်။ ကြက်သွန်နီများကို ရန်ကုန်၊ မန္တလေးနှင့် အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီးမြို့များသို့ တင်ပို့လျက်ရှိကြောင်းသိရပါသည်။
ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ကြက်သွန်နီ လက်ကား တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ (ကြီး) ၁၃၀၀ ကျပ်၊ (လတ်) ၁၁၀၀ ကျပ်၊ (သေး) ၈၀၀ ကျပ်နှုန်းရှိပြီး၊ လက်လီ ဈေးနှုန်းများမှာ (ကြီး) ၁၇၀၀ ကျပ်၊ (လတ်) ၁၄၀၀ ကျပ်၊ (သေး) ၁၀၀၀ ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်ယှဉ်ပါက ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ၇၀၀ကျပ်ခန့် ကျဆင်းနေကြောင်းသိရပါ သည်။
စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး