International News

အရှေ့- အနောက်စီးပွားရေးစင်္ကြံကုန်စည်ပြပွဲကို ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်

Last Updated:

အရှေ့ - အနောက်စီးပွားရေးစင်္ကြံ နိုင်ငံတကာကုန်စည်ပြပွဲ EWEC Da Nang 2025 ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုန်စည်ပြပွဲနှင့် ကုန်စည်ရောင်းချခြင်းနှစ်မျိုးလုံးပါဝင်သည့် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာပြပွဲဖြစ်ကြောင်း Vietnam Economic Times အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ပြခန်းပေါင်း ၃၅၆ ခန်းနီးပါးရှိမည်ဟု ခန့်မှန်းထားပြီး ထုတ်ကုန်နှင့်ဝန်ဆောင်မှုအုပ်စု ၃ ခု ခွဲခြားသွားမည်ဖြစ်ပါသည်။ တစ်ဒေသထုတ်ကုန်တစ်မျိုးဆိုင်ရာ ကုန်ပစ္စည်းများ၊ အထူးကုန်စည်များ၊ စက်မှုထုတ်ကုန်ပစ္စည်းများ၊ ကျေးလက်ထုတ်ကုန်များ၊ ဗီယက်နမ်အမျိုးသားအမှတ်တံဆိပ်စက်မှု ထုတ်ကုန်ပစ္စည်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၊ ဒါနန်းမြို့ စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံနေသည့် စီမံကိန်းများပါဝင်ကြောင်း ဖော်ပြထားပါသည်။ 
ပြသမည့်ကုန်စည်များအနေဖြင့် အဓိကနှင့်ပုံမှန်ထုတ်ကုန်များ၊ တစ်ဒေသထုတ်ကုန်တစ်မျိုးဆိုင်ရာ ကုန်စည်များ၊ အီလက်ထရောနစ်နှင့် နည်းပညာပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများ၊၊ သန့်ရှင်းလတ်ဆတ်သော စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုး၊ သစ်သား၊ ကြိမ်နှင့်ဝါး၊ အထည်အလိပ်များ၊ လက်ဆောင်ပစ္စည်းများ၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု အစရှိသည့်ဝန်ဆောင်မှုများပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။
ပြပွဲကျင်းပစဉ်အတွင်း ပို့ကုန်မြှင့်တင်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ၊ တောင်အလယ်ပိုင်းဒေသရှိ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုဆိုင်ရာ သင်တန်းများ၊ ထုတ်ကုန်မိတ်ဆက်အစီအစဉ်များနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များအပါ အဝင် အခမ်းအနားများဆက်တိုက်ကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Source: Vietnam Economic Times

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News