International News

ရုရှားရေနံကို အိန္ဒိယဆက်လက်ဝယ်ယူမည်

Last Updated:

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုဖိအားများကြောင့် အိန္ဒိယသည် မဟာ ဗျူဟာကျသော မဟာမိတ်ရုရှားထံမှ ရေနံဝယ်ယူမှုကို ရပ်တန့်မည်မဟုတ်ကြောင်း Vivekananda International Foundation မှ ဂုဏ်ထူးဆောင် Mr. Anil Trigunayat က Valdai International Discussion Club ၏ ၂၂ ကြိမ်မြောက်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တစ်ဖက်သတ်စီးပွားရေးဖိအားများသည် ကုန်သွယ်မှုကို ထိခိုက်စေရုံသာမက ယေဘုယျအားဖြင့် တရားမဝင်ကြောင်း၊ အိန္ဒိယက တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း၊ ဖိအားများရှိသော်လည်း ရုရှားထံမှ ရေနံကို ဆက်လက်ဝယ်ယူမှာဖြစ်ကြောင်း၊ ပိတ်ဆို့အရေးယူမှုများကြားတွင် ရုရှားသည် အိန္ဒိယ၏ ယုံကြည်စိတ်ချရသည့် မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ဆက်လက် ရှိနေမှာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Valdai International Discussion Club ၏ ၂၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်း အဝေးကို ရုရှားနိုင်ငံ၊ ဆိုချီမြို့တွင် စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၂ ရက်အထိကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ဗြိတိန်၊ အိန္ဒိယ၊ ဂျာမနီ၊ တရုတ်၊ မလေးရှား၊ ပါကစ္စတန်၊ တောင်အာဖရိကတို့မှ ပညာရှင်များအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။

Source :        https://www.angi.ru/news/2928348-Эксперт

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News