ဗီယက်နမ်နိုင်ငံသည် ပထမ ၆ လအတွင်း ရေထွက်ကုန်တင်ပို့မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံအထိရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၉ ရာခိုင်နှုန်းနီးပါးတိုးမြှင့်လာကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP)၏အဆိုအရ သိရှိရပါသည်။
ဇွန်လတစ်လတည်းတွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၇၆ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။
တရုတ်၊ အမေရိကန်နှင့် ဂျပန်တို့သည် ယခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်ရေ ထွက်ကုန်အများဆုံးတင်သွင်းသည့် ၃ နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု၏ ၁၉.၆ ရာခိုင် နှုန်း၊ ၁၈.၂ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းအသီးသီးရှိကြောင်း ရေးသားဖော်ပြထားပါ သည်။
၆ လတာကာလအတွင်း အမေရိကန်သို့တင်ပို့မှုမှာ ၁၆ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် မြင့်မားသောအကောက်ခွန်အန္တရာယ်များကိုရှောင်ရှားရန်အတွက် လုပ်ငန်းအများအပြားသည် ဇွန်လကတည်းက အဆိုပါဈေးကွက်သို့ တင်ပို့မှုကို ရပ်ဆိုင်းထားခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်၏ သွင်းကုန်ခွန်သက်ရောက်မှုကြောင့် ဇွန်လတွင် တင်ပို့မှု ၃၁ ရာခိုင် နှုန်းကျဆင်းသွားခြင်းနှင့်အတူ တူနာငါးသည် တင်ပို့မှုမှာ အပြင်းထန်ဆုံးထိခိုက်မှုဖြစ်ကြောင်း၊ ၆ လတာကာလအတွင်း တူနာငါးတင်ပို့မှုမှာ ၂ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
ပုစွန်နှင့်ငါးတန်ငါးများသည် အမေရိကန်၏အခွန်စည်းကြပ်မှုဖိအားများနှင့်ရင်ဆိုင်နေရသော်လည်း အပြုသဘောဆောင်သော တိုးတက်မှုနှုန်းရှိခဲ့ကြောင်းဖော်ပြထားပါသည်။ ပုစွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂.၀၇ ဘီလီယံရှိပြီး ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ငါးတန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိပြီး ၁၀ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)