International News

အမေရိကန်နိုင်ငံက ဆွစ်ဇာလန်နိုင်ငံအပေါ် သွင်းကုန်ခွန်ချမှတ်ခဲ့ခြင်းကိစ္စ

Last Updated:

ဆွစ်ဇာလန်နိုင်ငံသမ္မတ Ms. Karin Keller-Sutter သည် အမေရိကန်နိုင်ငံက ဆွစ်ဇာလန်နိုင်ငံအပေါ် သွင်းကုန်ခွန်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်နိုင်ငံသို့လာရောက်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရသိရှိရပါသည်။ အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ဆွစ်ဇာလန်သမ္မတ Ms. Karin Keller-Sutter နှင့် ဒုတိယသမ္မတနှင့် စီးပွားရေးဝန်ကြီး Guy Parmelin တို့ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး အမေရိကန်နိုင်ငံသားများအပေါ် အကျိုးရှိစေမည့် မျှတပြီးဘက်မျှမှုရှိသော ကုန်သွယ်ရေးဆက်ဆံရေးအရေးပါမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းဖော်ပြထားပါသည်။အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ သမ္မတ Ms. Karin Keller-Sutter က ၎င်း၏လူမှုကွန်ရက်တွင် အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် သွင်းကုန်ခွန်ဆိုင်ရာအခြေ အနေနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု ရေးသားဖော်ပြခဲ့ပါကြောင်း၊ ဆွစ်ဇာလန်သမ္မတသည် အမေရိကန်သမ္မတထရမ့်နှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် တယ်လီဖုန်းဆက်သွယ်ပြောကြားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် အမေရိကန်နိုင်ငံသို့ လာရောက်ခဲ့ပါကြောင်း၊ သို့ရာတွင်သမ္မတထရမ့်နှင့်မျက်နှာစုံညီတွေ့ဆုံခွင့်မရရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် ဆွစ်ဇာလန်နိုင်ငံအပေါ် သွင်းကုန်ခွန်(၃၉)ရာခိုင်နှုန်းချမှတ်ထားရာ ဆွစ်ဇာလန်နိုင်ငံရှိ ကုမ္ပဏီများသည် အကယ်၍ အမေရိကန်နှင့် ဆွစ်ဇာလန်တို့အကြား သွင်းကုန်ခွန်ဆိုင်ရာအပေးအယူမရရှိပါက ဆွစ်ဇာလန်နိုင်ငံမှ ထွက်ခွာသွားနိုင်ခြေရှိကြောင်းဖြင့် သတင်းဖော်ပြချက်များအရ သိရှိရပါသည်။

Source: U.S. Department of State

https://www.state.gov/releases/office-of-the-spokesperson/2025/08/secretary-rubios-meeting-with-swiss-president-keller-sutter/

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News