International News

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း သန်းဟွာပြည်နယ်၏ ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် ၆ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိမည်ဟု မျှော်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း သန်းဟွာပြည်နယ်သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာ့လှည့်ခရီးသွားဧည့်သည် ၁၀.၄၈ သန်းကျော်ကြိုဆိုခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇.၃ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတကာခရီးသွားအရေအတွက်မှာ ၃၀၇,၃၀၀ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၇.၇ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားပါသည်။

ခရီးသွားလုပ်ငန်းမှ စုစုပေါင်း၀င်ငွေသည် ဗီယက်နမ်ဒေါင် ၂၆.၃၄ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်)တစ်နှစ်ထက်တစ်နှစ် ၃၂.၈ ရာခိုင်နှုန်းတိုးလာကြောင်း၊ နိုင်ငံတကာခရီးသွားဧည့်သည် များထံမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၅ သန်းနီးပါးရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် ပြည်နယ်သည် အားလပ်ရက်အတွင်း လာရောက်လည်ပတ်သူ ၁၅.၃ သန်းကျော်ကြိုဆိုခဲ့ပြီး ခရီးသွားလုပ်ငန်းစုစုပေါင်းဝင်ငွေသည် ဗီယက်နမ်ဒေါင် ၃၃.၈ ထရီလီယံ(ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂၉ ဘီလီယံ) ကျော်လွန်သွားခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News