International News

ရုရှားခရီးသွားများ ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်မှု တိုးတက်လာ

Last Updated:

၂၀၂၅ ခုနှစ် ပထမ(၆)လအတွင်း(ဇန်နဝါရီမှ ဇွန်လအထိ) ဗီယက်နမ်နိုင်ငံသို့ ရုရှားခရီးသွား ၂၆၀,၀၀၀ ကျော်ရောက်ရှိခဲ့ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးဝင်ရောက်မှုစုစုပေါင်း ၂၃၂,၀၀၀ ထက် ကျော်လွန်ခဲ့သည်။ အဆိုပါကာလအတွင်း ရုရှားခရီးသွားဧည့်သည်အရေအတွက်သည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃၉ ရာခိုင်နှုန်းအထိမြှင့်တက်ခဲ့သည်။ ယင်းအရေအတွက်သည် ကမ္ဘာ့လှည့်ခရီးသွားများဝင်ရောက်သည့်အရေအတွက်များအနက် တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ် သည်။

၂၀၂၅ ခုနှစ် မတ်လတွင် ဗီယက်နမ်အစိုးရသည် ရုရှားအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်စနစ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးပေးခဲ့သည်။

ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းဌာန၏ သတင်းထုတ်ပြန်ချက်အရ အဆင် ပြေသော လေကြောင်းခရီးစဉ်များနှင့် ခရီးသွားအစီအစဉ်များ၏ ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုတို့သည် ဗီယက်နမ်နိုင်ငံသို့လည်ပတ်ရန် ရုရှားလူမျိုးများအကြား ပိုမိုလူကြိုက်များလာစေသည့်အချက်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီတွင် ရုရှားသည် ဗီယက်နမ်သို့ ကမ္ဘာလှည့်ခရီး သည်များ(နှစ်စဉ် ၆၅၀,၀၀၀)စေလွှတ်ခြင်းအတွက် ထိပ်တန်းစျေးကွက်များထဲမှ တစ်ခုဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသို့ ရုရှားခရီးသွားဧည့်သည် ၄၃၀,၀၀၀ ခန့်ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

Source :        https://tass.com/economy/1986975

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News