International News

တရုတ်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ထိုင်းနိုင်ငံတွင် မော်တော်ယာဉ် ၉၀,၀၀၀ စီးရောင်းချနိုင်မှုနှင့် ဒေသတွင်းစက်ရုံတည်ထောင်နိုင်သည့် နှစ်ပတ်လည်အခမ်းအနားကျင်းပ

Last Updated:

တရုတ်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ၎င်း၏စွမ်းအင်သစ်မော်တော်ယာဉ်(NEV)အစီးရေ ၉၀, ၀၀၀ ရောင်းချပြီးစီးမှုနှင့် ထိုင်းနိုင်ငံ၊ ရယောင်ခရိုင်(Rayong)ရှိ ၎င်း၏ မော်တော် ယာဉ်ထုတ်လုပ်မှုစက်ရုံတည်ထောင်သည့် ပထမနှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် BYD Co., Ltd ၏ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဝမ်ချွန်ဖူး(Wang Chuanfu)က အစီး ၉၀,၀၀၀ မြောက် NEV မော်တော်ယာဉ်ကို ထိုင်းဘောလုံးအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ နွဲလ်ဖန်လမ်ဆမ်(Nualphan Lamsam)ထံ တရားဝင်အပ်နှင်းခဲ့သည်။ ထို့ပြင် ၎င်းကုမ္ပဏီ၏ ရယောင်စက်ရုံမှ ပထမဆုံးထုတ်လုပ်သည့် ဒေသထုတ် BYD SEAL 5 ပလပ်အင်ဟိုက်ဘရစ်ဒ်မော်ဒယ်(plug-in hybrid model)ကိုလည်း မိတ်ဆက်ခဲ့သည်။

BYD ၏ထိုင်းနိုင်ငံတွင် ရရှိသောအောင်မြင်မှုသည် လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ထိုင်းနိုင်ငံ၏ပံပိုးပေးနိုင်မှုကို ထင်ဟပ်စေပါကြောင်း၊ ထိုင်းနိုင်ငံစက်မှုဇုန်အာဏာပိုင်အဖွဲ့(the Industrial Estate Authority of Thailand-IEAT) ၏တာဝန်ခံ စူးမက်တန်ပရာဆတ်(Sumet Tang Prasert)က ပြောကြားခဲ့သည်။

BYD ကုမ္ပဏီ၏ အာရှ-ပစိဖိတ်မော်တော်ယာဉ်ရောင်းဝယ်ရေးဌာန၊ အထွေထွေမန်နေဂျာ လျူဇွဲလီယန်(Liu Xueliang)က ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံ၊ သုံးစွဲသူ များထံ အဆင့်မြင့်နည်းပညာနှင့် အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကို ပေးစွမ်းနိုင်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများ၊ဘသာဝဘေးအန္တရာယ်ကူညီ ရေးလုပ်ငန်းများနှင့် စွမ်းအင်ထောက်ပံ့မှုလုပ်ငန်းများမှတစ်ဆင့် လူမှုဆက်သွယ်ရေးကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

BYD သည် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီး လျင်မြန်စွာဖြင့် ထိုင်းနိုင်ငံ၏  ထိပ်တန်း EV အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ကုမ္ပဏီ၏ ထိုင်းရယောင်စက်ရုံတွင် ထိုင်းနိုင်ငံသားအလုပ်သမား ၆,၁၀၀ ကျော်ကို အလုပ်ခန့်ထားနိုင်ခဲ့ပြီး ထိုင်းဒေသခံဝန်ထမ်းများသည် စက်ရုံလုပ်သားစုစုပေါင်း၏ ၉၀% ကျော်ရှိသည်။ ၎င်းစက်ရုံသည် တစ်နှစ်လျှင် မော်တော်ယာဉ်အစီးရေ ၁၅၀, ၀၀၀ စီးထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ဒေသတွင်းထုတ်လုပ် မှု(full-process localized production)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် BYD ကုမ္ပဏီ၏ ၉၀,၀၀၀ စီးမြောက် စွမ်းအင်သစ်မော်တော်ယာဉ်အပ်နှင်းမှုသည် တရုတ်-ထိုင်းသံတမန်ဆက်ဆံရေး ၅၀ နှစ်ပြည့်အချိန်အခါနှင့်လည်း တိုက်ဆိုင်နေကြောင်း ဖော်ပြထားသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0709/c90000-20337846.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News