International News

၂၀၂၅ ခုနှစ်၊ မေလအတွင်း ဂျပန်နိုင်ငံ၏ ထိပ်တန်းရေနံစိမ်းတင်သွင်းသူအဖြစ် ယူအေအီးနိုင်ငံမှ ဦးဆောင်လျက်ရှိ

Last Updated:

အာရပ်စော်ဘွားများပြည်ထောင်စုသည် ၂၀၂၅ ခုနှစ်၊ မေလအတွင်း ဂျပန်နိုင်ငံ၏ အကြီးဆုံး ရေနံစိမ်းရောင်းချသူအဖြစ်ရောက်ရှိလာခဲ့ပြီး ရေနံစိမ်းစည်ပေါင်း ၃၀.၄၂ သန်းဖြင့် တိုကျိုမြို့၏ တင်သွင်းမှုစုစုပေါင်းပမာဏ၏ ၄၀ % ကျော်ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ယူအေအီးနိုင်ငံသည် အဆိုပါလအတွက် ဂျပန်နိုင်ငံ၏စုစုပေါင်းရေနံစိမ်းတင်သွင်းမှု ၄၀.၈ % ကို ထောက်ပံ့ပေးထားကြောင်းသိရှိရပါသည်။ ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးကွက်များ ဆက်လက်ပြောင်းလဲလျက်ရှိသဖြင့် ၎င်းသည် သိသာထင်ရှားသော ဈေးကွက်ဝေစုတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။

မေလအတွင်း ဂျပန်နိုင်ငံ၏စုစုပေါင်းရေနံစိမ်းတင်သွင်းမှုပမာဏမှာ ရေနံစိမ်းစည်ပေါင်း ၇၄.၆၁ သန်းရှိခဲ့ပြီး အာရပ်ရေနံထုတ်လုပ်သူများက အကြီးမားဆုံးသောဈေးကွက်ဝေစုကို ပံ့ပိုးပေးလျက်ရှိပါသည်။ အာရပ်နိုင်ငံများမှရေနံစိမ်းတင်သွင်းမှု သည် စုစုပေါင်းတင်သွင်းမှုပမာဏ၏ ၉၀.၉ % ရှိပြီး ရေနံစိမ်းစည်စုစုပေါင်း ၆၇.၈၁ သန်းရှိကြောင်းသိရှိရပါသည်။

အဆိုပါအချက်အလက်များသည် ဂျပန်နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းရာ တွင် ယူအေအီးနိုင်ငံ၏ကြီးထွားလာနေသော အခန်းကဏ္ဍကိုအလေးပေးဖော်ပြလျက်ရှိပြီး ဂျပန်ဈေးကွက်တွင် အာရပ်ရေနံဆက်လက်လွှမ်းမိုးမှုကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News