International News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဟောင်ကောင်ဒေသသို့ ခရီးသွား ၃၆ သန်းလာရောက်

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ဟောင်ကောင်ဒေသသို့ ခရီးသွားဦးရေ ၃၆ သန်းကျော်လာရောက်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် “HK welcomed 36m visitors in first three quarters” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဟောင်ကောင်ခရီးသွားလုပ်ငန်းအဖွဲ့မှ လတ်တလောထုတ်ပြန်ခဲ့သည့် စာရင်းဇယားများအရ ဟောင်ကောင်ဒေသသို့ တရုတ်ပြည်မမဟုတ်သည့်ဒေသများမှ စုစုပေါင်းခရီးသွား ၈.၅ သန်းလာရောက်ခဲ့သော ကြောင့် ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ခရီးသွားလာရောက်မှု သိသိသာသာမြင့်တက်ခဲ့သည့်ဒေသများမှာ တရုတ်-တိုင်ပေ၊ ဂျပန်နှင့် ဩစတြေးလျတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက တရုတ်ပြည်မမှ ဟောင်ကောင်ဒေသသို့ လာရောက်သည့်ခရီးသွားအရေအတွက်မှာ ၁၁ ရာခိုင် နှုန်းတိုးတက်ခဲ့ပြီး စုစုပေါင်းခရီးသွားဦးရေ ၂၈ သန်း(ဟောင်ကောင်ဒေသ၏ စုစုပေါင်းခရီးသွားဦးရေ၏ ၇၈ ရာခိုင်နှုန်း)လာရောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

စက်တင်ဘာလတစ်လတည်းမှာပင် ၂၀၂၅ ခုနှစ်အတွင်း ဟောင်ကောင်ဒေသသို့ လာရောက်သည့်ခရီးသွားဦးရေ၏ ၈ ရာခိုင်နှုန်းဖြစ်သည့် ခရီးသွားဧည့်သည် ၃.၃ သန်းလာရောက်ခဲ့ပြီး၊ အဆိုပါခရီးသွားများအနက် ရက်ရှည်နေထိုင်သူ ၁၄ ရာခိုင်နှုန်းနှင့် ရက်တိုနေထိုင်သူ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းဖော်ပြထားပါသည်။

ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လအတွင်း ဈေးကွက်သစ်များမှ လာရောက်သည့် ခရီးသွား ၁၃ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

https://news.rthk.hk/rthk/en/component/k2/1827331-20251015.htm

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News