International News

ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား နယ်စပ်အခြေအနေထိပ်တိုက်တွေ့ဆုံမှုကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တုန်လှုပ်မှုကိုဖြစ်စေ

Last Updated:

ထိုင်းနှင့်ကမ္ဘောဒီးယားတို့အကြား နယ်စပ်ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဒေသတွင်းစတော့ခ်ရင်းနှီးမြှုပ်နှံသူများအတွက် တုန်လှုပ်မှုကိုဖြစ်‌စေပြီး မေလ ၁၅ ရက်နေ့မှစ၍ ထိုင်းစတော့ခ်အိတ်ချိန်းညွှန်ကိန်းကို ၄.၈ ရာခိုင်နှုန်းကျဆင်းစေခဲ့ကြောင်း သိရှိရပါသည်။

နယ်စပ်ပြဿနာများကြောင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်ရေးအပေါ်သက်ရောက်ခဲ့ပြီး အဖျော်ယမကာ၊ အစားအစာ၊ ရုပ်ရှင်ရုံများနှင့် ဆေးရုံလုပ်ငန်းများတွင် ယုံကြည်မှုကိုလည်း ကျဆင်းစေကြောင်း၊ ကမ္ဘောဒီးယားမှ ရောင်းအား ၁၀ ရာခိုင်နှုန်းရရှိသော Carabao Group (CBG)နှင့် ၇ ရာခိုင်နှုန်းရရှိသော Osotspa(OSP)တို့တွင် ကျဆင်းသွားပါကြောင်း၊ နယ်စပ်ပိတ်ဆို့ထားမှု ဆက်လက်ဖြစ်တည်နေပါက CBG သည် ရေလမ်းကြောင်းကို အသုံးပြု၍ ကုန်ပစ္စည်းများတင်ပို့ရန်အရေးပေါ်အစီအစဉ်ချမှတ်ထားသော်လည်း ပြင်းထန်မှုထပ်မံဖြစ်ပေါ်လာပါက ပိုမိုသိသာထင်ရှားသည့် သက်ရောက်မှုများရှိလာနိုင်သည်ဟု ပညာရှင်များက သတိ ပေးထားပါကြောင်း Krungsri Capital Securities (KCS)က ပြောကြားခဲ့သည်။

ထိုင်းဆေးရုံအများစုအတွက် ကမ္ဘောဒီးယားလူနာများမှ ဝင်ငွေသည် ၅ ရာခိုင်နှုန်းအောက်နည်းသောကြောင့် ဆေးရုံများသည် သက်ရောက်မှုနည်းပါကြောင်း၊ ကမ္ဘော ဒီးယားမှလူနာများသည် လေကြောင်းဖြင့် ပိုမိုလာရောက်ကြပြီး နယ်စပ်ဖြတ်ကျော်လူနာများအတွက် ကင်းလွတ်ခွင့်ရှိသဖြင့် ပုံမှန်အတိုင်းဖြစ်ပါကြောင်း၊ ရုပ်ရှင်ရုံများနှင့်အစားအစာပို့ကုန်များတွင် အနည်းဆုံးသက်ရောက်မှုရှိပါကြောင်း၊ကမ္ဘောဒီးယားတွင် ရုပ်ရှင်ရုံ ၆ ရုံဖွင့်လှစ်ထားသည့် Major Cineplex Group(MAJOR)၏ ဝင်ငွေ ၃.၈ ရာခိုင်နှုန်းသည် ကမ္ဘောဒီးယားမှရရှိခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားတွင် လုပ်ငန်းလည်ပတ်နေသည့် အသားတင်ပို့သူများမှာ Charoen Pokphand(CPF)၊ Thaifoods Group(TFG) နှင့် GFPT တို့ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်ထိုင်း-ကမ္ဘောဒီးယားစစ်တပ်ထိတွေ့မှုများမှ အချက်အလက်များအရ ဖြစ်ရပ်တစ်ခုပြီးနောက် ၁ လလျှင် ပျမ်းမျှ SET ညွှန်ကိန်း ၂.၈ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါကြောင်း၊ ၃ လကျော်အကြာတွင် ၆.၃ ရာခိုင်နှုန်းပြန်လည်မြင့်တက်လာပြီး ၆ လကျော်တွင် ၁၁.၃ ရာခိုင်နှုန်းမြင့်တက်လာမှုအရ ယင်းအခြေအနေသည် အချိန်တိုသက်ရောက်မှုပင်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားစစ်တပ်ပြန်လည်ဆုတ်ခွာပြီးနောက် ဈေးကွက်များမူလနေရာပြန်လည်ရောက်ရှိလာသော်လည်း အခြေအနေမှာထိလွယ် ရှလွယ်ဖြစ်နေပြီး ထိတွေ့မှုအသစ်ပြန်လည်ဖြစ်ပွားပါက ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုကို ဦးတည်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားပါသည်။

ထိုင်းကုမ္ပဏီအများစုသည် ကမ္ဘောဒီးယားအပေါ် စိတ်ဝင်စားမှုနည်းပြီး သမိုင်းတွင်စွာကြံ့ခိုင်နေသည့်ဈေးကွက်မှ ပထဝီဝင်နိုင်ငံရေးသို့ ပြောင်းလဲခဲ့ရာ အခြေအနေကို သိသာစွာမဖြေရှင်းနိုင်ပါက သက်ရောက်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ နယ်စပ်တင်းမာမှုများကြောင့် ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုညွှန်ကိန်းလည်းကျဆင်း သွားပါကြောင်း၊ယခုနှစ်အတွင်း ကမ္ဘောဒီးယား GDP သည် ၅.၈ ရာခိုင်နှုန်းတိုးတက် မည်ဟု Tris Rating က ခန့်မှန်းထားကြောင်း၊ ပြည်တွင်းစားသုံးမှုကျဆင်းနေခြင်း၊ အိမ်ခြံမြေပိုလျှံနေမှုနှင့် အမေရိကန်အခွန်ဖိအားများကြောင့် ကမ္ဘောဒီးယားစီးပွား ရေးတိုးတက်မှုတွင် အကြပ်အတည်းဖြင့် ကြုံတွေ့နေရကြောင်း၊ ဝန်ဆောင်မှုပို့ကုန်များတွင် မြင့်တက်နေပြီး ပြည်တွင်းစားသုံးမှုအားနည်းနေခြင်းသည် တိုးတက်မှုကို နှေးကွေးစေကြောင်း သိရှိရပါသည်။

စီးပွားရေးစိန်ခေါ်မှုများသည် ကုန်သွယ်ရေးပူပန်မှုများကိုမြင့်တက်စေပြီး အမေရိကန်၏အခွန်သည် ကမ္ဘောဒီးယားပို့ကုန်ကဏ္ဍကို ခက်ခဲစေမည်ဖြစ်ကြောင်း၊ အမေရိကန်သည် ကမ္ဘောဒီးယားအပေါ် အခွန် ၃၇ ရာခိုင်နှုန်းသတ်မှတ်ထားပါကြောင်း၊ အခွန်ကြီးမြင့်မှုကြောင့် အမေရိကန်ဈေးကွက်ကို ရှောင်ရှားလိုသောတရုတ်ပစ္စည်းများသည် အရှေ့တောင်အာရှသို့စီးဝင်လာနိုင်ရာ ကမ္ဘောဒီးယား၏ ကုန်သွယ်ရေး ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခိုင်မာနေမှုနှင့် ဘဏ္ဍာရေးစွမ်းဆောင်ရည်တိုးတက်လာမှုကြောင့် အရန်နိုင်ငံခြားငွေကြေးကို အထောက်အကူဖြစ်နိုင်ပြီး ပြည်သူ့ကြွေးမြီကို GDP ၏ ၂၆ ရာခိုင်နှုန်းတွင် ထိန်းထားနိုင်မည်ဖြစ်ကြောင်း Tris Rating က သုံးသပ်ထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News