ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ ပြည်ပမှ ငွေလွှဲမှုသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၅.၂၃ ဘီလီယံကျော်ရှိကြောင်း ဗီယက်နမ်နိုင်ငံတော်ဘဏ်ဒေသ ၂ ဘဏ်ခွဲအဆိုအရ သိရှိရပါသည်။
ဟိုချီမင်းမြို့သို့ ဒုတိယ ၃ လပတ်အတွင်း ငွေလွှဲပေးပို့မှုမှာ ခန့်မှန်းအားဖြင့် အမေရိကန်ဒေါ်လာ ၂.၈၂ ဘီလီယံနီးပါးရှိပြီး ပထမ ၃ လပတ်နှင့်နှိုင်းယှဉ်ပါက ၁၆.၉ ရာခိုင်နှုန်းနှင့် ယခုနှစ် အလားတူကာလထက် ၂၂.၁ ရာခိုင်နှုန်းတိုးမြှင့်လာကြောင်း ဖော်ပြထားပါသည်။
၆ လတာကာလအတွင်း အာဖရိကမှ ဟိုချီမင်းမြို့သို့ ငွေလွှဲပေးပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၃၀.၈ ရာခိုင်နှုန်းတိုးလာကြောင်း၊ ၎င်းနောက်တွင် အာရှမှ ငွေလွှဲပေးပို့မှုသည် ၁၆ ရာခိုင်နှုန်းနှင့် အမေရိကမှ ၁၁.၉ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါ သည်။
ဟိုချီမင်းသို့ ယခင်နှစ်က ငွေလွှဲပို့မှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၉.၅၄ ဘီလီယံကျော်ရှိပြီး အာရှနှင့် အမေရိကမှ စုစုပေါင်းငွေလွှဲပို့မှုသည် အမေရိကန်ဒေါ်လာ ၈၂.၂ ရာခိုင်နှုန်းဖြင့် အကြီးဆုံးငွေလွှဲပေးပို့မှုဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)