ပြည်တွင်းအရည်အသွေးနိမ့်ဆန်များကို ပရီမီယံဈေးနှုန်းဖြင့် ရောင်းချသည့် မသမာမှုများကြောင့် “အလတ်စား (Medium)” နှင့် “အရည်အသွေးမြင့်ပရီမီယံ (Premium)” သတ်မှတ်ချက်ကို ဖျက်သိမ်း၍ ဘာစမာတီဆန်အပါ အဝင် ပုံမှန် (Regular) နှင့် အထူး (Special) အဖြစ် တံဆိပ်တပ်ခွင့်ပြုမည်ဖြစ်ကြောင်း စားနပ်ရိက္ခာဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး ဇူကီဖလီဟာစန်က ပြောကြားခဲ့သည်ဟု သိရှိရသည်။ အဆိုပါကိစ္စနှင့်စပ်လျဥ်း၍ အောက်ပါအဓိကအချက်များ ဖော်ပြပါရှိသည်-
၁။ အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) က ဆန်ပုံမှန်ဈေးနှုန်းတစ်ခုတည်းသာ သတ်မှတ်၍ လက်ရှိဈေးနှုန်းများ ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ လိမ်လည်ရောင်းချမှု ကျူးလွန်သူများကို ဥပဒေအရ အရေးယူရန်ဖြစ်ကြောင်း၊ ပြည်တွင်းဆန်ထုတ်လုပ်မှု ၁၁ ဒဿမ ၁၇ ရာခိုင်နှုန်း မြင့်တက်လာဖွယ် ရှိသည်ဟု ခန့်မှန်းကြောင်း၊
၂။ ဆန်ဈေးကွက်နှင့်ဆန်အရည်အသွေးထိန်းချုပ်ကိုင်တွယ်ရေးတွင် ပြဌာန်းမည့် စံချိန်စံညွှန်းများအပေါ် အကောင် အထည်ဖော်ရေး ဆက်လက်လုပ်ဆောင်ရန်ရှိကြောင်း၊ အင်ဒိုနီးရှားအစိုးရက စားနပ်ရိက္ခာထောက်ပံ့ရေး၊ စားသုံးသူ၏ ယုံကြည်မှုနှင့် ဆန်ထုတ်လုပ်ရေးအတွက် ဈေးကွက်နှင့်အရည်အသွေးကို ထိန်းချုပ်၍ သေချာဆောင်ရွက်နိုင်ပါက စားနပ်ရိက္ခာဖူလုံရေးအနာဂတ်သို့ ဦးတည်ဖွယ်ရှိသည်ဟု သုံးသပ်ကြောင်း သိရှိရသည်။