စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ပဲစင်းငုံ (နီ၊ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း မတ်လ၊ ဒုတိယပတ်တွင် ပဲစင်းငုံ (နီ) တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ပဲစင်းငုံ(နီ) တစ်တင်းလျှင် ကျပ် ၁၂၀,၆၀ဝ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ၄၅၀၀ တင်း၊ တန်အား ဖြင့် ၁၄၇ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မတ်လ ပထမပတ်နှင့် မတ်လ ဒုတိယပတ် ဈေးနှုန်းများနှိုင်းယှဉ်ပါက မတ်လ၊ ပထမပတ်၌ ပဲစင်းငုံ (နီ) တစ်တင်းလျှင် ကျပ် ၁၂၅,၀၀ဝ ပေါက်ဈေးရှိခဲ့ပြီး မတ်လ၊ ဒုတိယပတ်တွင် ပဲစင်းငုံ (နီ) တစ်တင်းလျှင် ကျပ် ၄,၄၀ဝ လျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
Source: DOCA (စစ်ကိုင်း)
Source: https://commerce.gov.mm
 
                         
                     
                     
                         
                        