ကျောက်ဆည်ခရိုင်အတွင်း စီးပွားဖြစ်စိုက်ပျိုးလာသောရုံးပတီသီး Last Updated: 2023-06-27 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် သီးနှံများစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပင်များကိုလည်း ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးကြရာ ရုံးပတီသီး သီးနှံများကို ယခင်က မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သောသီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများ တွက်ချေကိုက်ပြီး စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးသော မျိုးများမှာ ပင်ပုမျိုး၊ ပင်လတ်မျိုးနှင့်ပင်မြင့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရပြီး (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ပေးရကြောင်း၊ တစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၃၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၈၀၀-၁၀၀၀)ကျပ် ဈေးနှုန်းများရရှိပြီး အထွက်နှုန်းအနေဖြင့် ပိဿာ (၁၀၀၀) ခန့် ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စျေးနှုန်းအပေါ်မူတည်၍ အကျိုးအမြတ်ရရှိကာ မိသားစုဝင်ငွေတိုးပွားစေသည့် ရုံးပတီသီး သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။ Source: https://commerce.gov.mm Category: Local News Previous Post မဖြေရှင်းနိုင်သော တင်းမာမှုများရှိနေသော်လည်း တရုတ်သည် ဂျာမနီနှင့် စီးပွားရေးဆက်ဆ... Next Post မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ဆန်အိတ်ရေ ၂၅၀၀ ခန့် တင်...
ဟောင်ကောင်တရားစီရင်ရေးဌာနက ဟောင်ကောင်နိုင်ငံတကာ ကုန်သွယ်ရေးတရားရု... by MyanTrade on 2026-06-05 under International News
၅.၆.၂၀၂၆ ရက်နေ့မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်... by MyanTrade on 2026-06-05 under ဈေးကွက်ဈေးနှုန်း
၅.၆.၂၀၂၆ ရက်နေ့မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်... by MyanTrade on 2026-06-05 under ဈေးကွက်ဈေးနှုန်း