Events
တတိယအကြိမ် “မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း)နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ” ကြိုတင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Updated At: 2022-09-01 09:45:05

တတိယအကြိမ် “မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း)နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ” ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့၊ နေ့လည်(၂:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွှန့်အောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွှန့်အောင်က မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲများကို မြန်မာနိုင်ငံ၊ လားရှိုးမြို့နှင့် တရုတ်နိုင်ငံ၊ လင်ချန်းမြို့တို့တွင် နှစ်စဉ်အလှည့်ကျကျင်းပနိုင်ရေး လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုစာချွန်လွှာ (Letter of Intent- LOI) အရ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ပြပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုတတိယအကြိမ် ကျင်းပမည့် “မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း)နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ”ကို မြန်မာနိုင်ငံမှ ဦးဆောင် ၍ Online ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံ တစ်ခုဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးသည်လည်း နှစ်နိုင်ငံကုန်သွယ်မှု၏ အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ မြန်မာ- တရုတ်နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲကို နှစ်စဉ်အလှည့်ကျ ကျင်းပပြုလုပ်ခြင်းကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်လာခြင်း၊ ဒေသခံကုန်သည်လုပ်ငန်းရှင်များကြားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေခြင်း၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ ကုန်စည်ပြပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူးမှ Myanmar Online Expo Park တွင် ကုန်စည် ပြပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အသင်းအဖွဲ့ဥက္ကဌများ၊ ဖိတ်ကြားထားသူများ နှင့်တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
Event Details
- Date
- 31th Auguest 2022
- Location
- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ
- Website
- www.myantrade.org
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025