Events
ဗီယက်နမ်နိုင်ငံ၊ Thái Bình မြို့တွင် “မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ နိုင်ငံတကာ စိုက်ပျိုးရေး ကုန်စည်ပြပွဲ ၂၀၂၃”အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ( ၇ ) ရက်ကြာ ကျင်းပပြုလုပ်မည်
Updated At: 2023-10-27 18:50:41
ဗီယက်နမ်နိုင်ငံ၊ Thái Bình ပြည်နယ်၊ Thái Bình မြို့၊ Hoàng Diệu နယ်မြေရှိ Thái Bình Square တွင် “မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ နိုင်ငံတကာ စိုက်ပျိုးရေးကုန်စည်ပြပွဲ ၂၀၂၃ (International Agricultural Expo of Nothern Delta 2023)”ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါကုန်စည်ပြပွဲတွင် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသရှိပြည်နယ်များ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုကို ပြသနိုင်ရန်မျှော်မှန်းထားပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ၎င်းတို့၏ထုတ်ကုန်များ၊ ကုန်သွယ်မှုအမှတ်တံဆိပ်များကို မိတ်ဆက်ပြသနိုင်မည် ဖြစ်သကဲ့သို့ မိတ်ဖက်များရှာဖွေနိုင်သည့် အခွင့်အလမ်းများလည်းရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည် ပြပွဲသို့ ပြည်တွင်းနှင့်နိုင်ငံတကာတို့ရှိ စီးပွားရေးလုပ်ငန်းပေါင်း(၂၀၀)ခန့်မှ ပြခန်းပေါင်း(၃၀၀) ကျော်အား ပါဝင်ပြသရန်မျှော်မှန်းထားကြောင်း၊ ထို့အပြင် ၂၀၂၃ ကုန်စည်ပြပွဲအား ဗီယက်နမ်-တောင်ကိုးရီးယား ယဉ်ကျေးမှုနှင့်စီးပွားရေးလုပ်ငန်းများချိတ်ဆက်မှု အစီအစဉ်ဖြစ်သည့် “Thai Binh Homecoming Day”နှင့်ပူးပေါင်းကျင်းပရန်စီစဉ်ထားကြောင်း ဖော်ပြထားပါသည်။
ကုန်စည်ပြပွဲတွင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စက်ယန္တရားများ၊ စက်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးနှင့်ဓာတ်မြေဩဇာများ၊ တိရိစ္ဆာန်အစာများ၊ ဓာတုပစ္စည်းများ၊ ဇီဝနည်းပညာဆိုင်ရာထုတ်ကုန်ပစ္စည်းများနှင့် မျိုးစေ့များကိုလည်းကောင်း၊ စိုက်ပျိုးရေးထွက်ကုန် များဖြစ်သည့် ဆန်နှင့်ဂျုံအမျိုးမျိုး၊ အပင်နှင့်သားငါးအမျိုးမျိုးတို့ကိုလည်းကောင်း၊ တန်ဖိုးမြှင့် လယ်ယာထွက်ကုန် များဖြစ်သည့် အသင့်စားသောက်ကုန်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဝိုင်နှင့်အဖျော်ယမကာများ၊ ကျန်းမာရေးဆိုင်ရာဖြည့်စွက်စာများနှင့် ဒေသထွက်နှင့်ရိုးရာအစား အသောက်များကိုလည်းကောင်း၊ အခြားထုတ်ကုန်များဖြစ်သည့် အဝတ်အထည်အမျိုးမျိုး၊ ပိုးချည်နှင့်သားရေပစ္စည်းအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် ကျောက်မျက်ပစ္စည်းများကို လည်ကောင်း ပြသသွားမည်ဖြစ်ပါသည်။
စိုက်ပျိုးရေးကုန်စည်ပြပွဲ ၂၀၂၃ သို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသမည် ဆိုပါက ပြခန်း(၁)ခန်းလျင် ပုံမှန်ငှားရမ်းခနှုန်းထား ဗီယက်နမ်ဒေါင်(၇,၀၀၀,၀၀၀)၏ထက်ဝက် ဖြစ်သည့် ဗီယက်နမ်ဒေါင်(၃,၅၀၀,၀၀၀)သာကျသင့်မည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခကုန်ကျစရိတ်၊ တည်းခိုနေထိုင်စားသောက်စရိတ်နှင့် သယ်ယူပို့ဆောင်မှုစရိတ်များအား မိမိအစီအစဉ်ဖြင့် ကျခံ ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ ၂၀၂၃ သို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇ - ၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ ၆-၁၁-၂၀၂၃ ရက်နေ့(ရုံးချိန်အတွင်း)နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။
(ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ)
Event Details
- Date
- 30th November to 6th December 2023
- Location
- ဗီယက်နမ်နိုင်ငံ၊ Thái Bình ပြည်နယ်၊ Thái Bình မြို့၊ Hoàng Diệu နယ်မြေရှိ Thái Bình Square
- Website
- myantrade.gov.mm
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026