Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2022-10-19 10:16:13

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍကော်မတီ၏ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍလုပ်ငန်း စီမံချက် (Plan of Actions - PoA) ပါ လုပ်ငန်းစဉ် (Activities) များအနက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ပါသည်။ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များမထပ်စေရေး (Overlap)၊ ဌာနဆိုင်ရာများမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ပုဂ္ဂလိကကဏ္ဍမှ သိရှိအောင်အသိပညာပေးရေး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ဝက်ဆိုဒ်ကို ဝန်ဆောင်မှုအားကောင်းလာစေရန်အတွက် အဆင့်မြှင့်တင်ဆောင်ရွက်သွားရေး၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို ဦးစားပေးရွေးချယ်ပြီး ဘတ်ဂျက်နှစ်အလိုက် လျာထားဆောင် ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026