Events
1st China (Shouguang) Belt & Road International Agricultural Exquisite Exhibition နှင့် 18th China Luohe Food Expo
Updated At: 2020-02-18 05:09:45
1st China (Shouguang) Belt & Road International Agricultural Exquisite Exhibition ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shouguang မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်နေ့ မှ ၂၆ ရက်နေ့ထိ လည်းကောင်း၊ 18th China Luohe Food Expo ကို လျှို့ဟေးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။ 1st China (Shouguang) Belt & Road International Agricultural Exquisite Exhibition ပါဝင်ပြသခြင်းဖြင့် လယ်ယာထွက်ကုန်နှင့် ပတ်သက်သည့် နည်းပညာများ ဖလှယ်ခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး 18th China Luohe Food Expo ပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ အစားအစာထုတ်လုပ်ရောင်းချသူများနှင့် တရုတ်နိုင်ငံမှ အစားအစာတင်သွင်း ရောင်းချသူများ၊ ထုတ်လုပ်သူများ၊ လက်ကားရောင်းချသူများ တွေ့ဆုံ၍ မိမိတို့ထုတ်လုပ်သည့် အစားအစာ ကုန်ပစ္စည်းများ ရောင်းချနိုင်ရန်၊ ဈေးကွက်ရှာဖွေနိုင်မည့် အကျိုးကျေးဇူးများ ရရှိပါမည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက ပြပွဲကျင်းပရေးကော်မတီ Mia Zhang, Cell/Wechat Tel: 0086-188-1151 8624၊ Tel: +86 10 6470 9139, email: [email protected] ၊ ပေကျင်းမြို့၊ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဒေါ်ရွှေစင်ဦး၊ email: [email protected] နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ ၊ email:[email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shouguang မြို့
- Website
- www.myantrade.org
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026