Events
33rd Vietnam International Trade Fair (VIETNAM EXPO 2024)
Updated At: 2024-02-02 14:23:55
ဗီယက်နမ်နိုင်ငံ၊ Hoan Kiem မြို့ ၊ Hanoi International Exhibition Center ၌ “33rd Vietnam International Trade Fair (VIETNAM EXPO 2024)” ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ ( ၄ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ကုန်စည်ပြပွဲအား ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကုန်သွယ်မှုမြှင့်တင်ရန်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်၊ ဗီယက်နမ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ကုန်စည်ပြပွဲကာလအတွင်း အရေးကြီးသော အပြည်ပြည်ဆိုင်ရာစီးပွားရေးဆိုင်ရာ အစည်းအဝေးပွဲများ၊ စီးပွားရေးအတွေ့အကြုံများမျှဝေခြင်းနှင့် နည်းပညာလဲလှယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှပ်နှံမှုများမြှင့်တင်နိုင်ရန်အတွက် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား ကုန်စည်ပြပွဲတွင် ပါဝင်ပြသရန် အကြောင်းကြားလာခြင်းဖြစ်ပါသည်။
အဆိုပါပြပွဲတွင် ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇ - ၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ (ရုံးချိန်အတွင်း) ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 6th to 4th April 2024
- Location
- ဗီယက်နမ်နိုင်ငံ၊ Hoan Kiem မြို့
- Website
- myantrade.gov.mm
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026