Events
Bangkok Gems & Jewelry Fair (BGJF)
Updated At: 2022-08-09 10:55:37

ကမ္ဘာပေါ်ရှိအကျော်ကြားဆုံးနှင့် သက်တမ်းအရှည်ဆုံး ကျောက်မျက်ရတနာရောင်းဝယ်ရေးပြပွဲများထဲတွင် Bangkok Gems & Jewelry Fair (BGJF)သည် တစ်ခုအပါအဝင် ဖြစ်သည်။ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) နှင့် ထိုင်းနိုင်ငံကျောက်မျက်ရတနာ သိပ္ပံတို့မှကြီးမှုး၍ စက်တင်ဘာလတွင် အဆိုပါပြပွဲကို ကျင်းပလေ့ရှိသည်။
BGJF သည် ကမ္ဘာ့ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာလုပ်ငန်းများတွင် အရေးပါသော စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်သွယ်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သည့် ထူးခြားထင်ရှားသော ကုန်သွယ်မှုနယ်ပယ်တစ်ခုအဖြစ် သတ်မှတ်ခံထားရ သည့် ပွဲကြီးတစ်ခုဖြစ်သည်။ BGJF သည် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ၊ များပြားလှစွာသော အရင်းအမြစ်များနှင့် ဆန်းသစ်သောဒီဇိုင်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ယုံကြည်စိတ်ချရသော marketplace တစ်ခုဖြစ်သည်။ အထူးသဖြင့် ကျောက်မျက်ရတနာ အရင်းအမြစ်များနှင့် ထုတ်လုပ်မှုအချက်အချာကျ၍ အဆင့်တန်းမြင့်၊ လှပသေသပ်သော လက်ဝတ်ရတနာများ ကိုစုစည်းထားသည့် နေရာအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခြင်း ခံရသည်။
BGJF တွင် ထိုင်းနိုင်ငံမှထွက်ရှိသည့် အမျိုးစုံ အဖိုးတန်ကျောက်များ၊ လုံးချောကျောက်များ၊ကျောက်အရိုင်းတုံးများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ကျောက်မျက်ရတနာ ထောက်ပံ့ရေးကွင်းဆက်များ လုပ်ငန်းများ၊ ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှ ပုလဲ၊ စိန်၊ ရွှေဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ ငွေ ထည်ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ ၀တ်စုံနှင့် ဖက်ရှင်လက်ဝတ်ရတနာများကို ကျယ်ပြန့်စွာ ပါဝင်ပြသလေ့ရှိသည့်အပြင် လက်ဝတ်ရတနာ အစိတ်အပိုင်းများ၊ လက်ဝတ်ရတနာပြုလုပ်သည့် စက်ကိရိယာများနှင့် ကိရိယာတန်ဆာပလာ စက်ပစ္စည်းများကိုပါ ခင်းကျင်းပြသလေ့ ရှိသည်။
အဆိုပါပြပွဲကို ကမ္ဘာပေါ်ရှိကျောက်မျက်၊ လက်ဝတ်ရတနာလုပ်ငန်းနှင့် ဆက်စပ်သူများ အပါအဝင် ကျောက်မျက်ရတနာများ ဝယ်ယူသူနှင့် လာရောက်ကြည့်ရှုလေ့လာသူ 10,000 နီးပါး နှင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှပြခန်းပေါင်း 700 ခန့် ပါဝင်ပြသလေ့ရှိပါသည်။ Bangkok Gems & Jewelry Fairကို (65) ကြိမ်တိုင် မြေပြင်ပြပွဲအဖြစ် ကျင်းပခဲ့ပြီး ကိုဗစ်-19 ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ်တွင် virtual ပြပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ဒစ်ဂျစ်တယ်ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန် BGJF Virtual Trade Fair ကို စီးပွားဖြစ် ပလပ်ဖောင်းတစ်ခုအဖြစ် အသုံးချရန် နှင့် New Normal ခေတ်တွင် စီးပွားရေးကိစ္စရပ်များ ပြန်လည်ချိတ်ဆက်နိုင်ရန် ရည်ရွယ်၍ 2022 ခုနှစ် စက်တင်ဘာလတွင် virtual ပြပွဲနှင့် မြေပြင်ပြပွဲကို ပူးတွဲကျင်းပပြုလုပ်မည် ဖြစ်သည်။
BGJF Virtual ပြပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီ 300 ကျော်၏ ဝယ်သူများနှင့် ရောင်းချသူများအား အလားအလာရှိသော စီးပွားရေးအခွင့်အလမ်းများကို အလွယ်တကူရှာဖွေနိုင်စေရန် Business Matching များ၊ တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်များ၊ webinars များနှင့် အခြားအစီအစဉ်များ ကိုပါ ထည့်သွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
Bangkok Gems & Jewelry Fair (BGJF) ပြပွဲကို ပါဝင်ပြသခြင်းအားဖြင့် မိမိနိုင်ငံမှ အဖိုးတန်၊ အရည်အသွးမြင့် ကျောက်မျက်ရတနာများကို ကမ္ဘာ့အသိုင်းအဝိုင်းသို့ မိတ်ဆက်ပြသနိုင်ခြင်း၊ နိုင်ငံတကာမှ ကျောက်မျက်ရတနာ ဒီဇိုင်းများလက်ရာများကို လေ့လာနိုင်ခြင်း၊ စီးပွားရေးချိတ်ဆက် နိုင်မှုအခွင့်အလမ်းများ ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေသည့်အတွက် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် Bangkok Gems & Jewelry Fair (BGJF) ပြပွဲကို နှစ်စဉ်ပါဝင်ပြသနိုင်ရန်အတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ စီစဉ်ဆောင်ရွက် ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။
Source: www.bkkgems.com
ငယ်ငယ်ထွန်း (ကုန်သွယ်မြှင့်)
Event Details
- Date
- 7th to 11th September 2022
- Location
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့
- Website
- www.myantrade.org
More Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Date: 14th to 16th August, 2025
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025