Events
Fruit Logistica 2023 ပြပွဲ ကျင်းပမည့်အစီအစဉ်
Updated At: 2022-08-12 11:24:15
Fruit Logistica လတ်ဆတ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပြပွဲသည် နှစ်စဉ် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် Messe Berlin ကကြီးမှူး၍ လတ်ဆတ်သီးနှံများ၊ တန်ဘိုးမြှင့်ထုတ်ကုန်များ၊ အော်ဂဲနစ်ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းပညာပိုင်း၊ ထောက်ပံ့ပို့ဆောင်မှုနှင့် ဝန်ဆောင်မှုပိုင်းများကို ပါဝင်ပြသသည့်ပြပွဲဖြစ်သည်။
၂၀၂၂ ခုနှစ်အတွက် ဧပြီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမှ မြန်မာရွှေသစ်သီးဝလံကုမ္ပဏီ (Myanmar Golden Produce-MGP) ကပါဝင်ပြသခဲ့ကာ ဥရောပနိုင်ငံကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်အတွက် ပြပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပရန်စီစဉ်ထားရှိပြီး Registration ပြုလုပ်ခြင်းကို ၃၁-၇-၂၀၂၂ ရက်နေ့နောက်ဆုံး သတ်မှတ်ထားရှိသော်လည်း ဆက်လက်ခွင့်ပြုထားဆဲဖြစ်ပါသည်။
ပြပွဲနှင့်သက်ဆိုင်သော အဓိကအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) Registration ကို https://www.fruitlogistica.com/en/exhibitors/registration/ တွင် ဝင် ရောက်ပြုလုပ်ပြီးနောက် အောက်တိုဘာလထဲတွင် Stand Proposal လက်ခံရရှိမည်ဖြစ်ပြီး Stand နေရာနှင့် ဒီဇိုင်းရွေးချယ် ခြင်း ပြုလုပ်နိုင်ပါသည်။ Stand construction အတွက် ၂၈-၁၁-၂၀၂၂ ရက်နေ့ နောက်ဆုံးထား ပြုလုပ်နိုင်ပါသည်။
(၂) ပြခန်းအတွက် ၁၂ စတုရန်းမီတာ အနည်းဆုံးရယူရန်လိုအပ်ပြီး စျေးနှုန်းများမှာ-
(က) Row stand, one side open EUR 209/sqm plus VAT.
(ခ) Corner stand, two sides open EUR 223/sqm plus VAT.
(ဂ) Peninsula stand, three sides open EUR 237/sqm plus VAT.
(ဃ) Block stand, four sides open EUR 251/sqm plus VAT.
တို့ဖြစ်ပါသည်။ ပြခန်းငှားခအပြင် ထပ်မံကုန်ကျမည့် Media Package နှင့် အခြားဝန်ဆောင်မှု များပေးသွင်းရန်လိုအပ်ပြီး https://www.fruitlogistica.com/en/exhibitors/registration/ stand-rental-calculator/ တွင် လေ့လာနိုင်ပါသည်။
(၃) Co-Exhibitor များအနေဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ Registration ပြုလုပ်နိုင်ပါသည်။
(၄) Stand construction နှင့် အခြားဝန်ဆောင်မှုပိုင်းများအတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင် ၍ Berlin Expo Center Online (BECO) (beco-support@messe-berlin.de) နှင့် ချိတ်ဆက် ၍ ရယူနိုင်ပါသည်။
၂၀၂၂ ခုနှစ်ပြပွဲသို့ နိုင်ငံပေါင်း (၈၇) နိုင်ငံမှ လာရောက်ပြသသူပေါင်း (၂၀၀၀) ကျော်ရှိပြီး နိုင်ငံပေါင်း (၁၃၀) နိုင်ငံမှ ဝယ်ယူသူများနှင့် လာရောက်လေ့လာသူပေါင်း (၄၀၀၀၀) ကျော် လာရောက်ခဲ့ကြပါသည်။
၂၀၂၃ ခုနှစ်ပြပွဲသို့ မြန်မာနိုင်ငံရှိ လတ်ဆတ်သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် တန်ဘိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သောကုမ္ပဏီများ လာရောက်ပြသနိုင်ရေးနှင့် လေ့လာသူအဖြစ် လာရောက်နိုင်ရေးတို့အတွက် ရေးသားတင်ပြလိုက် ရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://www.fruitlogistica.com/
https://www.fruitlogistica.com/en/exhibitors/registration/stand-rental-calculator/ index.html
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026