Events
“အုန်းအခြေခံထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း။
Updated At: 2024-02-15 22:56:47

အက်ခ်မက်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း” ၏ အစီအစဉ်တစ်ခုဖြစ်သည့် “အုန်းအခြေခံ ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသကြမည့် လုပ်ငန်းရှင်များ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ပြပွဲနှင့် ပြိုင်ပွဲတွင် စီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့သော သင်တန်းသားများမှ အုန်းပျိုးပင်၊ အုန်းသီးစိမ်းနှင့် အုန်းအခြေခံတန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများဖြစ်သည့် စားသောက် ကုန်၊ လူသုံးကုန်နှင့် လက်မှုပစ္စည်းများကို ပါဝင်ပြသသွားမည်ဖြစ်ပြီး၊ အခြားသော အုန်းအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များလည်း ပါဝင်ပြသသွားမည် ဖြစ်ပါသည်။
ပြပွဲနှင့် ပြိုင်ပွဲ ဒုတိယနေ့တွင် ပြိုင်ပွဲဝင် အုန်းအခြေခံထုတ်ကုန်ပစ္စည်းများအနက် အရည်အသွေးသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ထုတ်ကုန်ပစ္စည်းများကို ဆုချီးမြှင့်သည့်အခမ်းအနား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါ “အုန်းအခြေခံ ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြခန်းပေါင်း (၂၇) ခန်း ပါဝင်ပြသမည် ဖြစ်ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
Event Details
- Date
- 15th February 2024
- Location
- Pathein, Ayeyarwady Region
- Website
- www.myantrade.gov.mm
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026