Events

(၇)ကြိမ်မြောက် တရုတ်- တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း)ပို့ကုန်/ သွင်းကုန် ကုန်စည်ပြပွဲတွင် ပါဝင်စာရင်းပေးသွင်းနိုင်

Updated At: 2023-06-07 15:55:43

Kunming

(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့က ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကူမင်းမြို့ Dianchi International Convention and Exhibition Center တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကုန်စည်ပြပွဲကို Online နှင့် Offline ပုံစံ နှစ်မျိုးကျင်းပပြုလုပ်မည်ဖြစ်ပြီး 150000 sqm အကျယ်အဝန်းတွင် ပြခန်းဆောင် (၁၅) ခုထည့်သွင်းပြသမည်ဖြစ်ပါသည်။ ပါဝင်ပြသလိုသည့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် (၃ x ၃ မီတာ) ပြခန်းတစ်ခန်းအတွက် ယွမ်ငွေ ၆၅၀၀ ကျသင့်မည်ဖြစ်ပြီး ပြပွဲကာလအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကိုလည်းထည့်သွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြပွဲတွင် ပါဝင်တက်ရောက်မည့် UMFCCI နှင့် ညီနောင်အသင်းများမှ Exhibitor နှင့် buyer များအနေဖြင့် ပူးတွဲပါ Registration Form တွင် ဖြည့်စွက်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့အရောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဖုန်း -၀၆၇-၃၄၀၈၆၂၂ ၊ Email- event.td.myantrade@gmail.com သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သတင်းရရှိပါသည်။

TD(NPT)