Events
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူးဦးဆောင်၍ ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်
Updated At: 2023-12-04 13:32:15
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အစည်းအဝေးခန်းမ၌ ကုန်သွယ်မှုနှင့်ကုန် စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူးဦးဆောင်၍ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စီးပွားရေးသံမှူးများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများအကြား အွန်လိုင်းမှ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးသံမှူးများကို ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် ဆောင်ရွက်ပေးစေလိုသည့်လုပ်ငန်းများ၊ ပုဂ္ဂလိက ကဏ္ဍအသင်းအဖွဲ့များမှ ဆောင် ရွက်ပေးစေလိုသည့် အချက်များ၊ လက်ရှိဖြစ်ပေါ်နေသည့် ကုန်သွယ်မှုအခြေအနေများ၊ ဦးစားပေး ဆောင်ရွက်လိုသည့်လုပ်ငန်းများ၊ ကဏ္ဍအလိုက် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် စီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များအကြား ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားမှုူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပြည်ပမှ စီးပွားရေးသံမှူးများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးမှာ ဒုတိယအကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026