Events
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်မြှင့်တင်မှုနှင့်စပ်လျဉ်းသည့် နည်းပညာပေးသင်တန်းဖွင့်ပွဲကျင်းပ
Updated At: 2023-10-16 11:41:57
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် “ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်း”ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ “မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်မြှင့်တင်မှုတို့နှင့် စပ်လျဉ်းသည့် နည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန်၌ မော်လမြိုင်မြို့ ဇမ္ဗူကျော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့်တာဝန်ရှိသူများ၊မော်လမြိုင်မြို့ရှိဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တာဝန်ရှိသူများ၊ သင်တန်း ဆရာများနှင့် သင်တန်းသားများ စုစုပေါင်း(၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။
သင်တန်းအစီအစဉ်ကို နံနက် (၁၀:၀၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ရာ သင်တန်းတွင် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ရေရှည်တည်တံ့သောသဘာဝရော်ဘာဖွံ့ဖြိုး တိုးတက်ရေး၊ ရော်ဘာအရည်အသွေးတိုးတက်မြင့်မားရေး၊ ဈေးကွက်နှင့် ဈေးနှုန်းပိုမိုရရှိနိုင်ရေး၊ မြန်မာ့သဘာဝရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ၊ ရော်ဘာအရည်အသွေးမြှင့်တင်ရေး၊ ဒေသတွင်းရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရော်ဘာအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပို့ချခဲ့ပါသည်။
သင်တန်းဒုတိယနေ့အစီအစဉ်ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် မော်လမြိုင်မြို့နှင့် မုဒုံမြို့နယ်တို့ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် ရော်ဘာစိုက်ခင်းများ၊ ခေတ်မီရော်ဘာထုတ်လုပ်ရေး စက်ရုံ/ အလုပ်ရုံများသို့ လက်တွေ့ကွင်းဆင်းလေ့လာရေး သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026