Events
Style Bangkok Telematching in Lifestyle Online Virtual Exhibition LOVE 2020 ကုန်စည်ပြပွဲကျင်းပမည်
Updated At: 2020-07-29 08:41:11
Style Bangkok Telematching in Lifestyle Online Virtual Exhibition LOVE 2020 ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန(DITP)မှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၁) ရက်မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ LOVE 2020 ကုန်စည်ပြပွဲ သည် “ZOOM” app အမည်ရှိနောက်ဆုံးပေါ် ရုပ်သံအသုံးပြုမျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမှုဆိုင်ရာ နည်းပညာအားအသုံးပြု၍ ကုန်စည်ပြပွဲနှင့် စီးပွားရေးတွေ့ဆုံ ဆွေးနွေးပွဲတို့ကို အွန်လိုင်းဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ ပြပွဲတွင်ဝယ်သူများနှင့် စိတ်ပါဝင်စားသော အုပ်စုများအကြားကုန်စည်ပြပွဲအား လှည့်လည် ကြည့်ရှုခြင်း၊ ဝယ်ယူမည့်ပစ္စည်းစာရင်းကိုယ်တိုင်ပြုစုခြင်းတို့ကို ဆောင်ရွက်နိုင်ကာထုတ်ကုန်တစ်ခုချင်းနှင့် ထုတ်လုပ်သူတစ်ဦးချင်းဆိုင်ရာပြည့်စုံသည့်သတင်းအချက်အလက်များ ရရှိနိုင်ပြီးတိုက်ရိုက်အဆက်အသွယ်များလည်း ရရှိ နိုင်မည်ဖြစ်သည်။ ပြပွဲ၌ ကမ္ဘာတစ်ဝှမ်းမှ ထူးခြားကောင်းမွန်သောထုတ်ကုန်များ၊ ဖက်ရှင်နှင့် သားရေပစ္စည်းများ၊ ပရိဘောဂ၊ လက်ဆောင်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အခြားသော စံနမူနာဘဝနေမှုပုံစံဆိုင်ရာ ထုတ်ကုန်များကို ပြသထားမည်ဖြစ်ဖြစ်ကြောင်း သိရပါသည်။ ပြပွဲကို“ZOOM” Application အသုံးပြု၍ ပါဝင်နိုင်ပါသည်။ company profile နှင့် ပူးတွဲပါ Form ပုံစံတို့အား ပြည့်စုံစွာဖြည့်စွက်ပြီး (၂၄-၇-၂၀၂၀)ရက်နေ့မတိုင်မီ ပြပွဲစီစဉ်သူ(DITP) နှင့်ထိုင်းစီးပွားရေးသံရုံး Email- [email protected]၊ [email protected] သို့ အကြောင်းပြန်ကြားပေးရမည်ဖြစ်သည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိ လိုပါက မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ် (၃)၊ နေပြည်တော်၊ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected]နှင့် [email protected]သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026